ချန်ပီယံမျှော်လင့်ချက်အတွက် စပါး နိုင်ပွဲရယူနိုင်ခဲ့ပြီး အာဆင်နယ် ကံကောင်းခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များ သုံးသပ်ချက်
ချယ်လ်ဆီးအသင်းနောက်ကနေ ချန်ပီယံမျှော်လင့်ချက်အတွက် အမှားမခံစတမ်းလိုက်နေရတဲ့ စပါးအသင်းက ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ ဂိုးနဲ့ နိုင်ပွဲရခဲ့ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်စတဲ့အသင်းတွေကို အနိုင်ယူပြီး စိတ်ဓာတ်တက်နေတဲ့ ပဲလေ့စ်ကြောင့် စပါးအခက်တွေ့ခဲ့ရတာအမှန်ပဲ။ဂိုးပေါက်တည့်တဲ့ကန်ချက် (၄)ကြိမ်သာ စပါးရခဲ့ပြီး ဒုတိယပိုင်းမှာ ဆွန်ဟောင်မင်၊ဆစ်ဆိုကိုတို့ ထည့်ခဲ့ပြီးမှသာ ကစားပုံပိုကောင်းခဲ့တာဖြစ်ပါတယ်။
အယ်လီနဲ့ ဟာရီကိန်းတို့ရဲ့ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။(၇၈)မိနစ်မှာ အဲရစ်ဆင်က လှပတဲ့အဝေးကန်ချက်နဲ့ စပါးအသင်းအတွက် (၃)မှတ်တန်ဂိုးသွင်းခဲ့ပါတယ်။ပဲလေ့စ်အတွက်တော့ အဓိကနောက်ခံလူ ဆာခို၊ တိုက်စစ်မှူး ဘန်တီကီတို့ ဒဏ်ရာပြသနာရှိခဲ့လို့ ရှုံးချက်နာတယ်လို့ ဆိုရမယ်။

အာဆင်နယ်အသင်းက အိုဇေးလ်၊ အလက်ဆစ်ဆန်းချက်ဇ်၊ ဝေါလ်ကော့တို့အပါအ၀င်
အဓိကကစားသမားအစုံလင်နဲ့ ပွဲထွက်လာပေမယ့် လက်စတာကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။
လက်စတာအသင်းရဲ့ စုစည်းမှုအပြည့်ကစားဟန်ကြောင့်
အာဆင်နယ်တိုက်စစ်အခွင့်အရေးသိပ်မရခဲ့ဘူး။ ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးရဖို့နီးစပ်ခဲ့ပြီး
လက်စတာအသင်းတောင်ပံကစားသမား မာရက်ဇ်ရဲ့ ကန်ချက်ကို အာဆင်နယ်ဂိုးသမားပီတာဆက်ခ်ျ ကာကွယ်နိုင်ခဲ့သလို
အလက်ဆစ်ဆန်းချက်ဇ်ရဲ့ ကန်ချက်ဘားတန်းထိထွက်ခဲ့လို့လည်း
အာဆင်နယ်ကံဆိုးခဲ့ရတယ်။
ဒုတိယပိုင်းမှာ အာဆင်နယ်က ဂျရူး၊ ၀ဲလ်ဘက်၊ ရမ်ဆေးတို့ကိုထည့်ပြီး
အပြောင်းအလဲလုပ်ခဲ့ပေမယ့် သိပ်မထူးခြားခဲ့ဘူး။
ဒါပေမဲ့ (၈၆)မိနစ်မှာ မွန်ရီယဲလ်ရဲ့ ဖြတ်တင်ဘောကို လက်စတာနောက်ခံလူ ဟုသ်နဲ့ ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ အာဆင်နယ်နိုင်ပွဲရခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်
ဆက်လက်ရှင်သန်ဆဲပါပဲ။

■ ရလဒ်များ
အာဆင်နယ် ၁-၀ လက်စတာ
ခရစ္စတယ်ပဲလေ့စ် ၀-၁ စပါး
မစ်ဒယ်ဘရော့ ၁-၀ ဆန်းဒါးလန်း
ခရစ္စတယ်ပဲလေ့စ် ၀-၁ စပါး
မစ်ဒယ်ဘရော့ ၁-၀ ဆန်းဒါးလန်း
Photos: AFP
Credit : Eleven Sports
The Now News Journal
27.4.2017(Thursday)
No comments:
Post a Comment