Header Ads

ယူနိုက်တက်နဲ့ ကွင်းလယ်ဒိုင်မပါဘဲ ကစားရမယ်ဆိုရင်တောင် အဲဒါကိုပဲ ရွေးမိမယ် - တိုရေး



.
မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ် ကစားသမား ယာယာတိုရေးဟ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲ ဆီမီးဖိုင်နယ်ဖြစ်တဲ့ အာဆင်နယ်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်သွားရတဲ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်အချို့ကို မနှစ်မြို့ကြောင်း ဖုန်းကွယ်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ ပြန်လည် ဖွင့်ဟလာပါတယ်။
ပွဲကစားချိန် မိနစ် ၄၀ မှာ အဂွဲရိုးသွင်းယူခဲ့တဲ့ မန်ချက်စတာ စီးတီးရဲ့ သွင်းဂိုးဟာ ဂိုးထဲဝင်ခဲ့ပေမယ့် လီရွိုင်းဆာနေးရဲ့ ပေးပို့မှုက ဂိုးစည်းကို ကျော်နေတယ်လို့ စည်းကြပ်ဒိုင်က အလံထောင်ပြခဲ့လို့ ကွင်းလယ် ဒိုင်က ခွင့်မပြုခဲ့ဘဲ အရေးပါတဲ့ သွင်းဂိုး တစ်ဂိုး နစ်နာသွားခဲ့ရပါတယ်။
ရုပ်သံပြကွက်တွေ ကြည့်မယ်ဆိုရင်တော့ ဒီဘောလုံးဟာ ဂိုးစည်းနဲ့ လွတ်လွတ်ကျွတ်ကျွတ် ကျော်သွားတာမဟုတ်ဘဲ၊ စည်းနဲ့ ထိနေသေးတာကို မြင်တွေ့ရပါတယ်။ ဒီဂိုးရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်မှုနဲ့ ပတ်သက်ပြီး မန်ချက်စတာ စီးတီး ပရိသတ်တွေကလည်း တွစ်တာမှာ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုခဲ့ကြပါတယ်။
ဒါ့အပြင် အဲလက်စ် အောက်စ်လေ့ဒ် ချိန်ဘာလင်ရဲ့ ဖျက်ထုတ်မှုမှာ အာဂျင်တီးနား တိုက်စစ်ကစားသမားက ပယ်နယ်တီ အခွင့်အရေးတောင်းဆိုခဲ့ပေမယ့်လည်း ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။
“ ကွင်းလယ်ဒိုင်တွေအနေနဲ့ ဒါတွေကို ရပ်တန့်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ ပွဲကစားချိန် မိနစ် ၉၀ ပြည့်ဖို့ ၁၁ မိနစ်အလိုမှာ လှပသေသပ်တဲ့ မြေမကျကန်ချက်ကို ကန်ခဲ့ပေမယ့် တိုင်ထိခဲ့တဲ့အတွက် ဂိုးမရလိုက်တဲ့ တိုရေးက ပြောပါတယ်။
“ ကျွန်တော် အရမ်းပဲ စိတ်ပျက်ရပါတယ်။ ဒါက ပထမဦးဆုံး အကြိမ်လည်း မဟုတ်ပါဘူး။ အကြိမ်ကြိမ် အခါခါ ဖြစ်ခဲ့ပြီးသားပါ ”
“ ကျွန်တော်တို့ ကွင်းလယ်ဒိုင်တွေ အကြောင်း ပြောကြမယ်ဆိုရင်၊ ကျွန်တော်တို့က စောဒက တက်တယ်လို့ပဲ လူတွေက ပြောကြပါတယ်။ ဒါပေမယ့် အသားပေး ပြကွက်တွေမှာ ပြန်ကြည့်ရင်တော့ ကျွန်တော့်အတွက် သိပ်ကို စိတ်ပျက်စရာ ဖြစ်ပါတယ် ”
“ လာမယ့် ပွဲ(မန်ချက်စတာ ဒါဘီ)မှာ ကွင်းလယ်ဒိုင် မပါဘဲ ကစားရမယ်ဆိုရင်တောင် ပိုပြီးကောင်းပါလိမ့်မယ်။ ကျွန်တော် အဲဒါကိုပဲ ရွေးမိမှာပါ ”
The Now News Journal

No comments:

Powered by Blogger.