အီဘရာဟီမိုဗစ်အနေဖြင့် ဥရောပလိဂ်ပြိုင်ပွဲများတွင် ပြန်ကစားရန် မဖြစ်နိုင်တော့ဟု ပရီးမီးယားလိဂ်မှ ဒဏ်ရာကျွမ်းကျင်သူ သုံးသပ်
မန်ယူအသင်းသည် တိုက်စစ်မှူး အီဘရာဟီမိုဗစ်၏ဒူးဒဏ်ရာ အမြန်ဆုံးပျောက်ကင်းရန် ကြိုးစားနေသော်လည်း ပရီးမီးယားလိဂ်မှ ဒဏ်ရာကျွမ်းကျင်သူတစ်ဦးကမူ အီဘရာဟီမိုဗစ်အနေဖြင့် ဥရောပလိဂ်ပြိုင်ပွဲများတွင် ပြန်ကစားရန် မဖြစ်နိုင်တော့ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ဘန်ဒင်နရီဟု အမည်ရသည့် အဆိုပါဒဏ်ရာကျွမ်းကျင်သူက "အခုလို ဒဏ်ရာမျိုးက (၉)လကနေ (၁၂)လအထိ အနားယူရပါတယ်။ တစ်နှစ်နီးပါးပဲ ဆိုပါတော့။ ဒါဟာ ကစားသမားဘ၀ကို ခြိမ်းခြောက်နိုင်တဲ့အထိတော့ မဆိုးရွားပါဘူး။ ဒါပေမဲ့ မိုဗစ်က (၃၅)နှစ်ရှိနေပါပြီ။ ဒါကြောင့် ဒဏ်ရာက ပြန်ကောင်းလာရင်တော့ အမြင့်ဆုံးခြေစွမ်းနဲ့ ပြန်ကစားနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သူ့အနေနဲ့ တရုတ် ဒါမှမဟုတ် မေဂျာလိဂ်မှာ ကစားသမားဘ၀ကို အဆုံးသတ်ဖို့ ရွေးချယ်သင့်ပါတယ်" ဟုပြောကြားခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သည့် အီဘရာဟီမိုဗစ်ကို မူလက တစ်နှစ်သက်တမ်းတိုးရန် ကမ်းလှမ်းထားသော်လည်း ယခုအခါ ယင်းကမ်းလှမ်းမှုကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်နေပြီး ဒူးဒဏ်ရာ ကုသမှုခံယူနေစဉ်အတွင်း ဆေးဝါးကုသစရိတ်ကိုသာ ဆက်လက်ထောက်ပံ့ပေးသွားဖွယ်ရှိနေကြောင်းလည်း သတင်းများထွက်ပေါ်လာခဲ့သည်။
Photos: Gettyimages
Eleven Sports
The Now News Journal

No comments:
Post a Comment