အနီကတ်ပြ ထုတ်ပယ်ခံရချိန်တွင် လက်ခုပ်တီးခဲ့သည့် ရာမို့စ်ကို အရေးယူရန် ဘာစီလိုနာအသင်း၏အားကစားဒါရိုက်တာ တောင်းဆို
ဘာစီလိုနာအသင်း၏ အားကစားဒါရိုက်တာ ရောဘတ်ဖာနန်ဒက်ဇ်က ပြီးခဲ့သည့် ပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခံရချိန်၌ လက်ခုပ်တီး၍ ထွက်ခွာသွားသော ရီးယဲလ်နောက်ခံလူ ရာမို့စ်ကို အရေးယူရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
ရာမို့စ်သည် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ခြေစုံပစ်ဝင်ကာ ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ခြင်းကြောင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
ကစားသမားဘ၀ (၂၂)ကြိမ်မြောက် အနီကတ်ပြစ်ဒဏ်နှင့် ရင်ဆိုင်ခဲ့ရသည့် ရာမို့စ်သည် ဘာစီလိုနာနောက်ခံလူ ပီကေးနှင့် စကားအချေအတင်လည်း ဖြစ်ခဲ့သလို၊ အ၀တ်လဲခန်းသို့ ထွက်ခွာရာတွင် လက်မထောင်ပြခြင်း၊ လက်ခုပ်တီးခြင်း စသည့်လှောင်ပြောင်သည့်အပြုအမူများလည်း ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ရောဘတ်ဖာနန်ဒက်ဇ်က အရေးယူရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယခုပွဲမှ ရာမို့စ်၏ အပြုအမူမှာ မာလာဂါနှင့်ပွဲတွင် မိမိတို့၏တိုက်စစ်မှူး နေမာ ပြုမူခဲ့ပုံနှင့် အလွန်တူညီသောကြောင့် နေမာနည်းတူ ထပ်တိုးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရသင့်သည်ဟုလည်း ဆိုခဲ့သည်။
Photos: Dailymail
Credit : Eleven Sports
The Now News Journal
No comments:
Post a Comment