သင့်ယာဉ်မောင်းလိုင်စင် အစစ်ဟုတ်ရဲ့လား
"အန်တီ အန်တီယာဉ်မောင်းလိုင်စင်က အတုကြီးဗျ"
"ဟုတ်လားသားရယ် အန်တီဒီလိုင်စင်နဲ့မောင်နေတာကြာပီ
ဘယ်သူမှ အဲ့လိုအတုလို့မပြောဘူး"
ဘယ်သူမှ အဲ့လိုအတုလို့မပြောဘူး"
ဥပတိရုပ်ချောမောလှသည့်အန်တီကြီးက သူ့လိုင်စင်လေးအားပြန်ကြည့်နေသည်
ကျွန်တော်တို့မှာက အကြာကြီးကြည့်စရာမလို
လက်ထဲရောက်လာသည်နှင့်ခဏနှင့်တန်းသိသည်
အတွေ့အကြုံဟုဆိုရပေလိမ့်မည်
အန်တီကြီးကတော့ သူ၏ယာဉ်မောင်းလိုင်စင်အားကြည့်၍နေစဲပင်

" သားရေ ပုံကလဲအမှန်နော်
နောက်ပီး သက်တမ်းကလဲ မလွန်သေးဘူးလေ"
နောက်ပီး သက်တမ်းကလဲ မလွန်သေးဘူးလေ"
" ဟုတ်ကဲ့အန်တီ"
" နောက်ပီးသားရယ်
ဒီမှာလဲ ကညနတံဆိပ်တွေပါတယ်လေ"
ဒီမှာလဲ ကညနတံဆိပ်တွေပါတယ်လေ"
အန်တီကြီးကခုထိမယုံသလို
လိုင်စင်ပါအချက်အလက်များကို တစ်ခုချင်းသက်သေထူပြနေသည်
ကျွန်တော်ရှင်းပြမိတော့သည်
ထို့အတူကျွန်တော်၏စာဖတ်ပရိတ်သက်များလည်းလဲ ထိုအန်တီကြီးနည်းတူ ဖြစ်နေပါက ဤရှင်းလင်းချက်နှင့်အတူ
နားလည်စီစစ်ဆေးချင်ပါတော့သည်

" အန်တီ တစ်ခုမေးမယ်နော် ကျွန်တော့်ကိုတူလိုသားလို
သဘောထားပီး ရင်းရင်းနှီးနှီးဖြေပေးနော်"
သဘောထားပီး ရင်းရင်းနှီးနှီးဖြေပေးနော်"
"အေးပါသားရယ်"
" အန်တီရဲ့ အခုလိုင်စင်က ကိုယ်တိုင်ဖြေဆိုအောင်မြင်ပြီး
ရတာလား ဒါမှမဟုတ် သူများလုပ်ပေးတာလားဗျ"
ရတာလား ဒါမှမဟုတ် သူများလုပ်ပေးတာလားဗျ"
" ဒီလိုပါသားရယ် အန်တီတို့က ကိုယ်တိုင် ကညနမှာဖြေဖို့
အချိန်မပေးနိုင်ဘူးလေ
ဒီတော့ သူများကိုအကူညီတောင်းရတာပေါ့"
အချိန်မပေးနိုင်ဘူးလေ
ဒီတော့ သူများကိုအကူညီတောင်းရတာပေါ့"
" ဟုတ်ကဲ့ ဘယ်လောက်ပေးရလဲအန်တီ"
"ခြောက်သောင်းပါ"
မှန်ပါသည်
အခုက ခြောက်သောင်းမှ တစ်သိန်းနှစ်သောင်းခန့်ထိ
အပြင်မှာပေါက်ဈေးထွက်နေသည် အစစ်လားဆိုတော့လဲမဟုတ်
အတုပင်
ထိုငွေကြေးပမာဏလောက်ဆိုလျှင် အတုဖြစ်ဖို့များမည်ကို သတိချပ်မိစေချင်သည်
ထားပါတော့လေ
အတုအစစ်ဖြစ်ခြင်းမဖြစ်ခြင်းဆိုသောပြသနာကို အဓိကမရှင်းလို
အတုအစစ်အား မည်သို့သိရှိစေချင်သည်ဆိုတာကိုပင် ပြောပြချင်သည်
ကျွန်တော်၏ယာဉ်မောင်းလိုင်စင်နှင့် အန်တီကြီး၏ယာဉ်မောင်းလိုင်စင်အားယှဉ်ပြလိုက်သည်
ထို့နောက် လေဆာကဲ့သို့သောဓါတ်မီးလေးဖြင့် ယာဉ်မောင်းလိုင်စင်နှစ်ခုအား ယှဉ်ထိုးကြည့်လိုက်သည်
ထိုအခါ ယာဉ်မောင်းလိုင်စင်အစစ်၌သာမာန်မျက်လုံးတို့ဖြင့်မမြင်နိုင်သည့် လိုင်စင်အတွင်းဝယ်မြှုတ်ထားသော ငွေမှင်ကြောင်းလေးများ ကညန တံဆိပ်နှင့်အခြားပုံးလေးများ ထွက်ပေါ်လာသည်
အတုမှာက မပေါ် ဗလာဖြစ်နေသည်
ကျွန်တော့်အနေဖြင့် လက်နှင့်ကိုင်ကြည့်ရုံမျှဖြင့်
အတု အစစ်သိရှိနိုင်ပါသော်လည်း လုပ်ငန်းမတူသူ အခြားသူတို့အဖို့ ဤနည်းလေးဖြင့် အလွယ်တကူသိရှိနိုင်စေသည်
ကျွန်တော့်မိတ်ဆွေများမိမိလိုင်စင်အား စမ်းသပ်ကြည့်ရှု၍
မြှုတ်ထားသည့်ပုံလေးများအား ဗဟုသုတယူကြည့်စေချင်ပါတော့သည်။
( ဤစာတန်း၏ရည်ရွယ်ချက်မှာ ဥပဒေရေရာတို့ထက် မိမိလိုင်စင်အား စိတ်ချယုံကြည်မှုအပြည့်ဖြင့်ကိုင်တွယ်စေရန်
အတုအစစ်တို့သဘော နားလည်စေလိုခြင်းသာဖြစ်ပါသည်)

နေမျိုးသူရ
25.4.2017
25.4.2017
The Now News Journal
27.4.2017(Thursday)
No comments:
Post a Comment