စီးပွားရေးသမားနဲ့ ဝန်ထမ်း ကွာခြားချက်များ
သူတို့ရဲ့ အောက်ပါကွာခြားချက်တွေကို သတိထားမိပါရဲ့လား။
#ကွာခြားချက် (၁)
- စီးပွားရေးသမားတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချလို့ စွန့်စားကြတယ်။
- ဝန်ထမ်းတွေကတော့ ကြောက်ရွံ့စိုးရိမ်မှုကြောင့် မစွန့်စားကြဘူး။
#ကွာခြားချက် (၂)
- စီးပွားရေးသမားတွေဟာ အနာဂတ်ကို ရှုမြင်တတ်ကြတယ်။
- ဝန်ထမ်းတွေဟာ အတိတ်ကာလကနေ ရုန်းမထွက်နိုင်ကြဘူး။
#ကွာခြားချက် (၃)
- စီးပွားရေးသမားတွေဟာ လင်းယုန်ငှက်တွေ အမြင့်မှာ ပျံသန်းပြီး အစာရှာသလို အပေါ်စီးကနေ အခွင့်အလမ်းကို ရှာနေကြတယ်။
- ဝန်ထမ်းတွေဟာ ကြက်ကလေးတွေလို မြေကြီးမှာပဲ အစာယက်ရှာဖွေနေကြတယ်။
#ကွာခြားချက် (၄)
- စီးပွားရေးသမားတွေက ကြွယ်ဝချမ်းသာမှုကို ရှာနေကြတယ်။
- ဝန်ထမ်းတွေက ပိုက်ဆံရဖို့ ရှာနေကြတယ်။
#ကွာခြားချက် (၅)
- စီးပွားရေးသမားက ပြောတယ်။ "ခုလိုဖြစ်တာ ငါ့မှာ တာဝန်ရှိတယ်"တဲ့။
- ဝန်ထမ်းက ပြောတယ်။ "အဲ့ဒါ ကျနော့်အမှား မဟုတ်ဘူးနော်"တဲ့။
#ကွာခြားချက် (၆)
- စီးပွားရေးသမားတွေဟာ ကောင်းတာ တွေ့ရင် ချီးကျူးကြတယ်။ သူတို့ မှားရင်လည်း ပြင်ကြတယ်။
- ဝန်ထမ်းတွေဟာ သူများတော်ရင် မချီးကျူးဘူး။ သူတို့ မှားရင် ပြင်ဖို့ ဝန်လေးတယ်။
#ကွာခြားချက် (၇)
- စီးပွားရေးသမားတွေဟာ အများကြီးရဲ့ နည်းနည်းစီပဲ သိကြတယ်။
- ဝန်ထမ်းတွေဟာ နည်းနည်းလေးရဲ့ အများကြီးကို သိကြတယ်။ သူတို့ကိုယ်သူတို့ expert, specialist လို့ အပြောခံတာကို ဂုဏ်ယူနေကြတယ်။
# ကွာခြားချက် (၈)
- စီးပွားရေးသမားတွေဟာ ပြဿနာကို အခွင့်အလမ်းလို့ မြင်တတ်ကြတယ်။
- ဝန်ထမ်းတွေဟာ အခွင့်အလမ်းကို ပြဿနာလို့ပဲ မြင်တတ်ကြတယ်။
# ကွာခြားချက် (၉)
- စီးပွားရေးသမားတွေဟာ ရှုံးနိမ့်မှုကနေ သင်ခန်းစာယူပြီး ထပ်ကြိုးစားကြတယ်။
- ဝန်ထမ်းတွေဟာ ရှုံးနိမ့်မှု ကြုံလာရင် စိတ်ဓါတ်ကျပြီး ထပ်မကြိုးစားတော့ဘူး
# ကွာခြားချက် (၁၀)
- စီးပွားရေးသမားတွေဟာ ဖျော်ဖြေမှုတွေကို ခံစားဖို့ထက် သူတို့အရည်အချင်း တိုးတက်အောင် အမြဲလုပ်နေကြတယ်။
- ဝန်ထမ်းတွေကတော့ သူတို့အရည်အချင်းတိုးတက်ဖို့ထက် ဖျော်ဖြေမှုတွေနဲ့ပဲ အချိန်ကုန်နေကြတယ်။
"The 10 Secrets of Entrepreneurs" စာအုပ်လေးက ယူထားတာပါ။
ကျွန်တော့်ရဲ့ မှတ်ချက်လေး ဖြည့်စွက်ပေးချင်ပါတယ်။
"ဝန်ထမ်းဟာ စီးပွားရေးသမားလို စိတ်ဓါတ်မျိုး ဖြစ်လာအောင် ကြိုးစားလိုက်မယ်ဆိုရင် သူ့ဘဝဟာ အကြီးအကျယ် တိုးတက် ပြောင်းလဲသွားမှာ သေချာပါတယ်"။
ဗန်းမော်သိန်းဖေ
Ko Zaw Htoo
Aye Mi Khine
ဆရာကြီးများ၏ အတွေးလက်ဆောင်
The Now News Journal
No comments:
Post a Comment