Header Ads

စစ်ရေးအသုံးစရိတ် ရုရှားတိုးမြှင့်ခဲ့ဟု အစီရင်ခံစာတစ်ခု၌ဖော်ပြ



အေအက်ဖ်ပီ
ရုရှားသည် ရေနံဈေးကျဆင်းနေခြင်းနှင့်
စီးပွားရေးအရ ပိတ်ဆို့မှုများနှင့်ကြုံတွေ့နေ
ရသော်လည်း ၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင်
တတိယမြောက် ကာကွယ်ရေးအသုံးစရိတ်
အများဆုံး နိုင်ငံအဖြစ်ရပ်တည်ခဲ့ကြောင်း
ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှု
တစ်ခုအရ သိရသည်။
၂ဝ၁၆ ခုနှစ်အတွင်း ရုရှား၏စစ်ရေးအသုံး
စရိတ်သည် အမေရိကန်ဒေါ်လာ ၆၉ ဒသမ
၂ ဘီလီယံရှိခဲ့ပြီး ယင်းသည် ၂ဝ၁၅ ခုနှစ်က
အသုံးစရိတ်ထက် ၅ ဒသမ ၉ ရာခိုင်နှုန်း
တိုးလာခဲ့ခြင်းဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံ
တကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု
(အက်စ်အိုင်ပီအာအိုင်)၏ အစီရင်ခံစာတွင်
ဖော်ပြထားသည်။
ဆော်ဒီအာရေဗျသည် ၂ဝ၁၅ ခုနှစ်တွင်
စစ်အသုံးစရိတ် တတိယအများဆုံးနိုင်ငံဖြစ်ခဲ့
သောလ် ည်း ၂ဝ၁၆ ခနု စှ တ် ငွ် စတတု္ထေ နရာသို့
ကျဆင်းသွားခဲ့သည်။ ဆော်ဒီ၏စစ်ရေးအသုံး
စရိတ်သည် ၃ဝ ရာခိုင်နှုန်းအထိကျဆင်း
သွားကာ ဒေါ်လာ ၆၃ ဒသမ ၇ ဘီလီယံရှိခဲ့
သည်။
အမေရိကန်သည် စစ်ရေးအသုံးစရိတ်
အများဆုံးနိုင်ငံအဖြစ်ရပ်တည်နေဆဲဖြစ်ပြီး
စစ်ရေးအသုံးစရိတ်သည် ၂ဝ၁၅ မှ ၂ဝ၁၆
ခုနှစ်အတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်းတိုးကာ
ဒေါ်လာ ၆၁၁ ဘီလီယံအထိရှိခဲ့သည်။ တရုတ်
သည်လည်း ၂ဝ၁၅ ခုနှစ်တွင် စစ်ရေးအသုံး
စရိတ်ကို ၅ ဒသမ ၄ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲ
ခဲ့သည်။
မော်စကို ဧပြီ ၂၄
Credit :The Myanmar Times Daily Newspaper 
The Now News Journal

No comments:

Powered by Blogger.