Header Ads

ဂျပန်သဘာဝဘေးအန္တရာယ်ဆိုင်ရာဝန်ကြီး စကားတစ်ခွန်းမှားပြောမိသဖြင့် နုတ်ထွက်



တိုကျို၊ ဧပြီ ၂၆

ဂျပန်နိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးဝန်ကြီး မစ္စတာ မာဆာဟီရို အီမမူရာသည် စကားအမှားတစ်ခွန်းပြောလိုက်မိခြင်းကြောင့် ယမန်နေ့က ရာထူးနှင့်တာဝန်မှနုတ်ထွက်ခဲ့ကြောင်းသိရသည်။

ဂျပန်နိုင်ငံတွင် ၂၀၁၁ ခုနှစ်က လှုတ်ခတ်သွားခဲ့သော ငလျင်ကြီးသည် တိုကျိုမြို့ပြဒေသတွင်ဖြစ်ပွားမည့်အစား ဂျပန်နိုင်ငံတောင်ပိုင်းရှိ ဖူကူရှီးမားတွင်ဖြစ်ပွားခဲ့သည်က ပိုကောင်းသွားကြောင်း သူကပြောမိခဲ့ခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော့်စကားအမှားကြောင့် ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံတောင်ပိုင်းနေပြည်သူတွေ အရမ်းစိတ်ထိခိုက်ကုန်ကြရပါတယ်။ အဲဒီစကားအမှားအတွက်လည်း ကျွန်တော် ရင်ထဲအသည်းထဲကကို အနူးအညွတ်တောင်းပါတယ်ခင်ဗျာ"ဟု မစ္စတာ အီမမူရာက ၀န်ကြီးချုပ်ထံ နုတ်ထွက်စာတင်အပြီး ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် သတင်းစာဆရာများအားပြောကြားပါသည်။

မစ္စတာ အီမမူရာ၏ နုတ်ထွက်စာကို ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက လက်ခံခဲ့ပြီး၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ မစ္စတာ မာဆာယိုရှီ ယိုရှင်နိုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်လိုက်ပြီဖြစ်သည်။

PN-002
REF:
Japan's disaster minister resigns after quake gaffe
Source:Xinhua Published: 2017/4/26 14:04:25
The Now News Journal
27.4.2017(Thursday)

No comments:

Powered by Blogger.