Header Ads

FACEBOOK ETIQUETTE ဖေ့စ်ဘွတ် ကျင့်ဝတ်

ကွန်မင့်တခု = ဆရာ ဖေ့ဘုတ်သုံးနည်းဆိုပြီး ထပ်ရေးရမယ်နဲ့တူတယ်ဆရာ။
ကျွန်တော်က ဖေ့စ်ဘွတ် ကို ကိုယ်လိုတာကို ဘယ်လိုသုံးရမလည်းလောက်သာသိတယ်။ Facebook Etiquette ဖေ့စ်ဘွတ် ဆောင်ရန်ရှောင်ရန်များကိုတော့ ရေးတင်ဘူးသေးတယ်။ နှစ်နှစ်ကျော်ကြာပါပြီ။ တိုးတက်လာလို့တော့ ထင်ပါတယ်။
၁။ တကိုယ်ရေ ပုဂ္ဂိုလ်ရေး တွေကို မက်ဆေ့ခ်ျကနေသာ တင်ပါ။ ဝေါလ်ပေါ်မှာ မတင်ပါနဲ့။
၂။ ကွန်မင့် တွေဟာ မေးခွန်းဖြစ်နေမှသာ ပြန်ဖြေပါ။ (ကျွန်တော်ကတော့ မေးနည်းစည်းကမ်မကျရင် မဖြေပါ။ ဆောရီး။)
၃။ ပို့စ်တိုင်းမှာ ကွန်မင့် လိုက်ပေးနေတာ မလုပ်သင့်ပါ။
၎။ ထပ်ချည်းတလဲရှယ်တာ မလုပ်သင့်ပါ။
၅။ ကိုယ်တင်လိုက်တာရဲ့ အတိမ်အနက်နဲ့ ဘယ်အထိရောက်သွားသလဲကို သိထားပါ။
၆။ တင်လိုက်တာတွေ အများစုဟာ ပို့စ်လို့ မခေါ်ထိုက်ပါ၊ ပုဂ္ဂိုလ်ရေးသတင်းသာ ဖြစ်တယ်။ ထူးခြားတဲ့ သတင်း စကားမျိုးကို ဖုန်းကနေဖြစ်စေ SMS မသုံးပါနဲ့။ ကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ မယဉ်ကျေးရာကျတယ်။ (ကွန်တော်က အဲလိုဟာတွေကို မဖတ်တတ်ပါ။ ဆောရီး။)
၇။ ကိုယ့်ပို့စ်က ကွန်မင့်တွေရဲ့ တုန်း ခေါ် အနိမ့်အမြင့်ကို သတိထားရွေးချယ်ပါ။ ရိုင်းပျတာ၊ ဆဲရေးတိုင်းထွာတာ၊ နားလည်မှုလွဲတတ်တာကို ဆင်ခြင်ပါ။ ပြုံးရယ်စရာတခုကနေ ဖတ်တဲ့သူတိုင်းကို ပြုံးရွှင်စေနိုင်တယ်မဟုတ်ပါလား။
၈။ တစိမ်းတွေကို မိတ်ဆွေဖွဲ့ကြည့်ပါ။ ကိုယ့်ရဲ့ ဖရင်းအရေအတွက်ဟာ စတေးတပ်စ် ကိုယ့် အဆင့်အတန်း လို့ ယူဆသူတွေ ရှိတယ်။ ဒါပေမဲ့ အဲလိုဟာကို ကြွားချင်လို့နဲ့တော့ မိတ်ဆွေမများများအောင်လုပ်တာကတော့ မသင့်ပါ။
၉။ Unglam shots (unglamorous pictures) ခေါ်တဲ့ မလျှော်တဲ့ပုံတွေ ဥပမာ အရက်သောက်နေတဲ့ပုံ၊ အိပ်ယာ ထကာစပုံတွေကို ခပ်ပေါ့ပေါ့သဘောထားပြီးတင်ရင် အများသူငါက မနှစ်ခြိုက်တတ်ပါ။
၁ဝ။ ဖေ့စ်ဘွတ် ဆိုတာ အသွားနှစ်ဖက်ပါတဲ့ဓါးလိုပဲ။ ဖရင်းအချင်းချင်းကြား ပိုပြီးရင်းနှီးမှုရစေနိုင်သလို၊ သင်ရဲ့အကြောင်း မလိုအပ်တာတွေကိုပါ သိသွားစေနိုင်တယ်။
၁၁။ Chain Status Updates ခေါ်တဲ့ ဒီ သတင်း ကို လူဘယ်နှစ်ဦးထံ ရှယ် လုပ်ပါ။ မလုပ်ရင် သင်ဘာဖြစ်သွားမယ် ဆိုတာမျိုး မလုပ်သင့်ပါ။ ကောင်းစေချင်တဲ့ စေတနာနဲ့သာသုံးပါ။ (ကျွန်တော်ကတော အဲလိုလာသူတွေရဲ့ အိုင်ဒီကိုပါ ထုတ်ဖေါ်ရေးနေပါပြီ။ ဆောရီး။)
၁၂။ လွတ်လပ်တဲ့ အင်တာနက် မှာ လူတိုင်းလွတ်လပ်ခွင့်ရှိပါတယ်။ ကိုယ်မကြိုက်တာနဲ့ သူတပါးကို ဒစ်လိုက်ခ် လုပ်တာ မသင့်လှပါ။ ဒါကြောင့် ဖရင်း အသစ်တွေကို အဒ်လုပ်ရင် သတိထားပါ။ ထည့်ပြီးမှ ဖြုတ်နေရတာ မကောင်းလှပါ။ လုပ်သင့်ရင်လဲ ရဲရဲသာလုပ်လိုက်ပါ။
ဖေ့စ်ဘွတ် မှာ ရယ်မောစရာနဲ့ စိတ်သောကရောက်စရာအကြားမှာ မျှခြေကို ရှာသင့်တယ်။ ထိန်းချုပ်မှု များလွန်းရင်လဲ ဆန်းသစ်တီထွင်မှုမှာ အားနည်းစေမယ်။ ချက်ချင်းသဘောဖြစ်တယ်ဆိုတဲ့ မြန်ဆန်မှုကိုပါ နှေးစေနိုင်တယ်။ အများသူငါတွေနဲ့ ကိုယ် ဆက်စပ်နေတာကို မပြတ်သိထားပါ။ ကိုယ်ပိုင်သီးသန့်ရှိမှုကိုတော့ အထိပါးမခံပါနဲ့။ ဆရာကြီး မလုပ်ပါနဲ့။ သူများကို ရစရာမရှိအောင် ရေးနေသူတွေရှိတယ်။ ဘာအကျိုးရနေသလဲ မသိပါ။ တချို့က လခရတာ သိတယ်။ မဟုတ်တာဆို အရမ်းသိချင်သူတွေလည်း မနည်းပါ။
ဖေ့စ်ဘွတ် သုံးရတာ ပျော်စရာဖြစ်ပါစေ။ အကျိုးရှိတာဖြစ်ပါစေ။ ဖေ့စ်ဘွတ် ယဉ်ကျေးမှု ကျင့်ဝတ်တွေကို လိုက်နာမယ်၊ မလိုက်နာချင်ဘူးဆိုတာ ကျွန်တော်တို့သဘောသာ ဖြစ်ပါတယ်။
The Now News Journal
8.5.2017 (Monday)

No comments:

Powered by Blogger.