ရင်သားကြီးသည့် အမျိုးသမီးများအတွက် ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်သည့် ဘရာစီယာ
ရင်သားကြီးသူများအတွက် အမျိုးသမီးအတွင်းခံနှင့်ပတ်သက်လာလျှင် မိမိနှင့်ကိုက်ညီစေရန် လိင်ပိုင်းဆိုင်ရာဆွဲဆောင်အားကောင်းမွန်စေရန် စသည့်အချက်နှစ်ချက်ကြား အမြဲလွန်ဆွဲ၍ဝယ်ယူဝတ်ဆင်ကြလေ့ရှိသော်လည်း ထုတ်လုပ်ရောင်းချသူတစ်ဦးက ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်သည့်ဘရာစီယာကို ထုတ်လုပ်ခဲ့ သည်ဟုသိရသည်။ Wonderbra ကုမ္ပဏီ မှပညာရှင်တစ်ဦးဖြစ်သူ ဂိုဆတ်က ရင် သားအရွယ်အစား D မှ G အထိရှိသော ဝယ်ယူသူများအတွက် သက်သောင့်သက် သာရှိ၍ လှပမှုကိုပါ ပေးစွမ်းနိုင်သည့် ဘရာစီယာကိုတီထွင်ခဲ့သည်။ အမျိုးသမီး များ၏ ပျမ်းမျှရင်သားအရွယ်အစားသည် ၁၉၉၆ ခုနှစ်တွင် 34B ရှိရာမှ ယခုအခါ 36D အထိရှိလာခဲ့သောကြောင့် ကြီးမားသည့် ရင်သားအရွယ်အစားတိုင်းကို အပြည့်အဝ ထွေးပွေ့ထားနိုင်သည့် ထူးခြားသော ပုံစံခွက်နည်းပညာတစ်မျိုးကို အသုံးပြု၍ Glossies ဘရာစီယာများကို ဖန်တီးထုတ်လုပ်ခဲ့သည်။ ၎င်းဘရာစီယာသည် ၃၄ ဒေါ်လာကျသင့်မည်ဖြစ်ပြီး အဖြူ၊ အနက်၊ ကော်ဖီရောင်၊ အသားရောင်တို့ဖြင့် ရရှိနိုင်သည်။ လေးလံသည့်ပစ္စည်းများကို အသုံးပြုထားခြင်းမရှိဘဲ ရင်သားကိုပင့်တင်ပေးနိုင်စွမ်းရှိသည်။ ၎င်းကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်ကလည်း 42K ဆိုက်ဘရာစီ ယာကို မိတ်ဆက်ခဲ့ပြီး လာမည့်နှစ်တွင် L ဆိုက်ဘရာစီယာကို ထုတ်လုပ်သွား မည်ဖြစ်သည်ဟု သိရသည်။
Ref : DM,7.5.2017
မေဇွန်
Credit: PYI MYANMAR
The Now News Journal
8.5.2017(Monday)
Ref : DM,7.5.2017
မေဇွန်
Credit: PYI MYANMAR
The Now News Journal
8.5.2017(Monday)
No comments:
Post a Comment