Header Ads

လက်ရှိဇနီးသုံးယောက်အပြင် ညီနှစ်ယောက်ရဲ့ ဇနီးနှစ်ဦးကိုပါ လက်ထပ်ဖို့ပြင်နေတဲ့ အမျိုးသား

ကလေး 11 ဦးရဲ့ဖခင် Abel Morrison ဟာ သူလက်ရှိပေါင်းသင်းနေတဲ့ ဇနီးကိုက သုံးဦးရှိပါတယ်။ ၎င်းတို့ရဲ့ အမည် တွေကတော့ Suzie, Beth နဲ့ Marina တို့ ဖြစ်ပါတယ်။ ဒါပေမယ့် Abel ဟာ ဒီဇနီးသုံးယောက်အပြင် မုဆိုးမဖြစ် သွားတဲ့ ညီနှစ်ယောက်ရဲ့ ဇနီးနှစ်ဦးကိုပါ လက်ထပ်ဖို့ မျက်စောင်းတထိုးထိုး ဖြစ်နေပါတယ်။
လက်ရှိ မိသားစုဝင်များ
Abel ရဲ့ အကြံအစည်ကို ရိပ်မိတဲ့ လက်ရှိဇနီးတွေကတာ့ သူဟာ နောက်ထပ်မိန်းမနှစ်ယောက် ထပ်ယူတယ်ဆို ရင် ကွာရှင်းမယ် သို့မဟုတ် ကွာရှင်းမှုတွေ ဖြစ်လာနိုင်တယ်လို့ အရိပ်အမွတ် ပြောထားပါတယ်။ Abel လက်ထပ်ဖို့ပြင်ဆင် နေတဲ့ အမျိုးသမီးနှစ်ယောက်ကတော့ Annazela နဲ့ Melinda တို့ဖြစ်ပါတယ်။
Marina က ” သူတို့နှစ်ယောက်ကိုသာ လက်ထပ်ကြည့်ပါလား … ကျွန်မ ဘုရားသခင်ရဲ့ဆန္ဒတော်အတိုင်း လုပ်ဆောင်ဖို့ ၀န်လေးမှာ မဟုတ်ပါဘူး … ဒီလက်ထပ်ပွဲသာ ဖြစ်လာခဲ့ရင် မိသားစုအင်အားတောင့်တင်းသွားဖို့ ဖြစ်နိုင်သလို … ခွဲခွာခြင်း ရဲ့ မျက်ရည်စက်တွေလည်း ဖြစ်သွားနိုင်ပါတယ် “လို့ ပြောခဲ့ပါတယ်။
ဒီကိစ္စကို Beth ကလည်း ဘ၀င်မကျပါဘူး Abel ဟာ ကတိထားခဲ့တဲ့ကျင့်ဝတ်တွေပေါ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်
နေတယ်လို့ ယူဆခဲ့ပါတယ်။ Beth က ” သူက ကျွန်မကို ပြောတယ် Annazela နဲ့ Melinda တို့သာ ရှေ့ဆက်တိုးလာ ရင် သူ လက်ထပ်ဖြစ်လိမ့်မယ်တဲ့ … ကျွန်မ သဘောမကျရင် ထွက်သွားလို့ ရတယ်တဲ့ “လို့ ပြန်ပြောပါတယ်။
Abel ဟာ ခရစ်ယာန်ဘာသာရေးမှာ ဂိုဏ်းဆရာတစ်ဦးဖြစ်ပါတယ်။ သူက ” ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိဇနီးတွေ အမြင်မကြည်ဘူးဆိုတာ သိပါတယ် … ဒါပေမယ့် ဒီလိုလက်ထပ်ဖို့ တွန်းအားတွေဖြစ်လာခဲ့ရင် ဒါဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းလို့ ကျွန်တော်က မှတ်ယူမှာပါ … ဘုရားသခင်ရဲ့ ဆန္ဒကို ကျွန်တော်က လိုက်နာမယ့်သူပါ “လို့ ပြောခဲ့ပါတယ်။
တရားဝင် ဇနီးမဖြစ်သေးတဲ့ Annazela ကလည်း အလျှော့မပေးပါဘူး။ သူမက ပထမယောက်ျားကြောင့် နှလုံးသား တွေ သေခဲ့ရပေမယ့် Able က သူမရဲ့ နှလုံးသားတွေကိုြ့ပန်လည်ရှင်သန်စေခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ဒီအတွက် လုပ်စရာ ရှိတာတွေကိုလည်း ဘယ်သူ့ကိုမှ မငဲကွက်ဘဲ ဆက်လုပ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် Melinda ကတော့ ” ကျွန်မကြောင့်တော့ မိသားစုတွေ ပြိုကွဲတာမျိုး မဖြစ်စေချင်ပါဘူး “လို့ ပြောခဲ့ပါတယ်။
source : thesun.co.uk
Credit: နတ်စည်တော် (Shwemom) # Lwin Pyin
The Now News Journal
8.5.2017(Monday)

No comments:

Powered by Blogger.