Header Ads

သရုပ်ဆောင်နေမျိုးအောင် အမြန်လမ်းတွင် သတ်မှတ်မိုင်နှုန်းပိုမောင်း၍ ဒဏ်ရိုက်ခံရ


မန္တလေး အမြန်လမ်း တွင် သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်ခဲ့သော ရုပ်ရှင်နှင့် ဗီဒီ ယိုသရုပ်ဆောင်နေမျိုးအောင်ကို အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီး ကာ ဒဏ်ငွေရိုက်ခဲ့သည်။
နေမျိုးအောင်မောင်းနှင်လာ သည့် လင်ခရူဇာကားသည် မေ လ ၁၅ ရက်နံနက်က သတ်မှတ်ကီ လို ၁၀၀ ထက်ကျော်လွန်ကာ ကီ လို ၁၃၆ အထိ မောင်းနှင်လာ၍ ဖမ်းဆီးခဲ့ကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြော သည်။
‘‘နေပြည်တော်အ၀င်ဂိတ် မှာ ဖမ်းဆီးတာပါ။ သတ်မှတ်ကီ လိုထက်ပိုမောင်းလို့ဖမ်းပြီး ချလန် ဖြတ်ပေးလိုက်ပါတယ်။ နေပြည် တော်ဇမ္ဗူသီရိတရားရုံးမှာပဲ သွား ဆောင်လို့ရတယ်လို့ ပြောလိုက် တော့ အဲဒီမှာပဲ ဆောင်သွားတယ် လို့ သိရပါတယ်’’ ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
သတ်မှတ်မိုင်နှုန်းထက် ပို မောင်းနှင်သည့် ယာဉ်များကို ယခင်နှစ် စက်တင်ဘာ ၁ ရက်က စတင်၍ သာဂရ၊ ပန်းတင်၊ သီး ကုန်း၊ ပြင်စည်၊ ဘောနက်ကြီး၊ မြို့ချောင်း၊ ဘောနီအမြန်လမ်းမ ကြီးရဲစခန်းစသည့်ခုနစ် နေရာ တွင် အရှိန်နှုန်းတိုင်းကိရိယာဖြင့် စစ်ဆေး ဖမ်းဆီးအရေးယူခဲ့ သည်။
‘‘သတ်မှတ်မိုင်နှုန်းထက်ပို မောင်းတဲ့ ဘယ်ကားမဆိုဖမ်းပါ တယ်။ နေမျိုးအောင်ကလည်း ရှမ်းပြည်ဘက်မှာ ရုပ်ရှင်ရိုက်ကူး ရေးရှိလို့ အမြန်လမ်းကသွားတာ လို့ သိရပါတယ်’’ ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးစိုးမြင့်ဦးက ပြောသည်။
ယင်းသို့ဖမ်းဆီးရာ ခရီး သည်တင်ယာဉ်အနည်းငယ်သာ ရှိ၍ အိမ်စီးကားအများဆုံး ဖြစ် ကြောင်း အမြန်လမ်းယာဉ်ထိန်းရဲ တပ်ဖွဲ့မှ သိရသည်။
အမြန်လမ်းမတွင် သတ် မှတ်မိုင်နှုန်း တစ်နာရီ မိုင် ၆၀ (ကီ လို ၁၀၀) အထက် ပိုမိုမောင်းနှင် သည့် ယာဉ်များကို ဖမ်းဆီးစစ် ဆေးကာ နေပြည်တော်ဇမ္ဗူသီရိ မြို့နယ်ရှိ ယာဉ်စည်းကမ်းထိန်း သိမ်းရေးတရား ရုံး၌ ယာဉ်တစ်စီး လျှင် ဒဏ်ငွေ ၅၀,၀၀၀ ဖြင့် ဒဏ်တပ် အရေးယူ ဆောင်ရွက်နေ သည်။
Credit : 7Day News Journal

The Now News Journal
16.5.2017 (Tuesday)

No comments:

Powered by Blogger.