Header Ads

နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ ကျိုက်လတ်ရှိ ခေတ်မီဆန်စက်နဲ့ စပါးခွံ့မှ ဓာတ်အားထုတ်လုပ်ရေး စက်ရုံဖွင့်လှစ်ပွဲ တက်ရောက်


ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့ရှိ MAPCO Golden Lace (မက်(ပ်)ကို ရွှေဇာခြည်) ကုမ္ပဏီရဲ့ ခေတ်မီဆန်စက်နဲ့ စပါးခွံ့မှ လျှပ်စစ်ဓာတ်အား ၂ ဒသမ ၂ မဂ္ဂါဝပ် ထုတ်လုပ်ရေးစက်ရုံကို မေ ၁၅ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ခေတ်မီတန် ၂၄၀ ဆန်စက်၊ တန် ၂၀၀ ပေါင်းဆန်စက် ၊ တန် ၅၀၀ သိုလှောင်ရုံ ၄ လုံး၊ အခြောက်ခံစက်များနဲ့ စပါးခွံ့မှာ
လျှစ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်းမှာ MAPCO Golden Lace ရဲ့ ပထမအဆင့်စီမံကိန်း ဖြစ်ပါတယ်။
ဆက်လက်ပြီး ဖွဲနုဆီစက်၊ တိရိစ္ဆာန်အစားအစာစက်၊ ဆန့်မှုန့်၊ ဆန်ခေါက်ဆွဲ ထုတ်လုပ်ရေး စက်များကို ဒုတိယ
အဆင့် စီမံကိန်းအနေနဲ့ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံနှင့် ဘိုကလေးမြို့နယ်များမှာအကျိုးတူ ကန်ထရိုက် လယ်ယာစနစ်အကောင်
အထည်ဖော်ဆောင်ရွက်ရန်အတွက် မျိုးစပါး ၆၀၀ ဧကနဲ့ အရည်အသွေးမြှင့် စပါး ၅၅၀၀ ဧက စိုက်ပျိုးသွားမှာဖြစ်ပါတယ်။
ဘိုကလေးမြို့နယ်များမှာ အကျိုးတူ ကန်ထရိုက် လယ်ယာဆောင်ရွက်ရန်အတွက် စိုက်ပျိုးစရိတ်၊ မျိုး၊
သွင်းအားစုနဲ့ ရိတ်သိမ်းစရိတ်များအတွက် ငွေကျပ်  ၁၂၂၅၅ သိန်းကို တောင်သူ ၁၈၅၀ ဦးထံ ပေးသွားမှာဖြစ်ပါတယ်။
အဆိုပါစက်ရုံဖွင့်ပွဲနေ့မှာ ဖွဲ့နုဆီစက် ထုတ်လုပ်ခြင်းနဲ့ တင်ပို့ရောင်းချခြင်းအတွက် Myanmar Agribusiness
public Corporation Ltd နဲ့ Fukuoka Seiyu Co.,Ltd တို့ အကျိုးတူးပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဆိုပါခေတ်မီဆန်စက်နဲ့ စက်ရုံစီမံကိန်းများ ဖွင့်ပွဲသို့ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်တို့လည်း တက်ရောက်ခဲ့ပါတယ်။
ဓာတ်ပုံ-myanmar president office
Source : SFJ Strategy First Journal
The Now News Journal
16.5.2017 (Tuesday)

No comments:

Powered by Blogger.