ဒေါ်အောင်ဆန်းစုကြည် Belt and Road Forum စားပွဲဝိုင်းဆွေးနွေးပွဲတက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Belt and Road Forum for International Cooperation ၏ ခေါင်းဆောင်များ စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပလျက်ရှိသည့် Belt and Road Forum for International Cooperation ၏ ဒုတိယမြောက်နေ့အဖြစ် ခေါင်းဆောင်များစားပွဲဝိုင်းဆွေးနွေးပွဲ (Leaders Roundtable) ကို Yanqi Lake International Conference Center ၌ ကျင်းပခဲ့ပြီး ခေါင်းဆောင်များစားပွဲဝိုင်းဆွေးနွေးပွဲတွင် “Policy Synergy for Closer Partnership”၊ “Closer People-to-People Bond” နှင့် “Connectivity Cooperation for Interconnected Development” ဘာသာရပ်များအား ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်း - မြန်မာကိုယ်စားလှယ်အဖွဲ့
ဓာတ်ပုံ - ပြန်/ဆက်
ဓာတ်ပုံ - ပြန်/ဆက်
The Now News Journal
16.5.2017 (Tuesday)
No comments:
Post a Comment