HIV ဆေး စက်မှုဝန်ကြီးဌာနက ထုတ်လုပ်မည်
အရှေ့တောင်အာရှတွင် နာမည်ကြီး BPI ဆေးဝါးများ ထုတ်လုပ်ခဲ့သည့် စက်မှုဝန်ကြီးဌာနက HIV ပိုးရှိသူများ ကုသရာတွင် အသုံးပြုနိုင်မည့်ဆေးဝါးကို ယခုနှစ်အတွင်း ဈေးကွက်သို့ ထုတ်လုပ်ဖြန့်ချိသွားမည်ဟု ယင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။
ဧပြီလ ၂၆ ရက်နေ့က နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော ပြည်ထောင်စုဝန်ကြီးဌာန လေးဌာန၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။
မြန်မာ့ဆေးဝါးလုပ်ငန်း၊ ရန်ကုန် ဆေးဝါးစက်ရုံတွင် HIV ဆေးဝါးထုတ် လုပ်ရန် အိန္ဒိယမှ နည်းပညာကို ဝယ်ယူထားပြီး FDA မှ လိုင်စင်ကျရောက်လာလျှင် ဈေးကွက်သို့ တင်ပို့ ရောင်းချမည်ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ပြောကြားသည်။
အဆိုပါ ဆေးဝါးထုတ်လုပ်မှုနှင့် ပတ်သက်၍ ဆေးဝါးစက်ရုံ ( ရန်ကုန် ) မှ BPI စက်ရုံမှူး ဦးကိုကိုအောင်က “ဗိုင်းရပ်စ်သတ်တဲ့ဆေးပေါ့။ HIV တို့၊ ဘီပိုးတို့မှာ သုံးတယ်။ ART လိုလည်း မဟုတ်ဘူး။ အဲ့ဒီဆေးတစ်မျိုးတည်းနဲ့ ပျောက်တာတော့ မဟုတ်ပါဘူး”ဟု ရှင်းပြသည်။
ယခုနှစ်အတွင်း ထုတ်လုပ်မည့် HIV ကုသဆေးနှင့်အတူ ကင်ဆာဝေဒနာရှင်များ နာကျင်ကိုက်ခဲမှု သက်သာစေသော MorphineTablet ကို စမ်းသပ် ထုတ်လုပ်လျက်ရှိပြီး မကြာမီ သက်သက်သာသာဖြင့် ဖြန့်ချိရန်ရှိသည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။
စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော BPI အမှတ်တံဆိပ် ဆေးဝါးများ အတုအပ ပြုလုပ်ခြင်းမှ ကာကွယ်ရန်နှင့် အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် ဆေပြား ၆၉ မျိုး ဆေးမှုန့် ၁ မျိုးနှင့် ထိုးဆေး ၆၄ မျိုးတို့ကို ထုပ်ပိုးမှု ပုံစံအသစ်ဖြင့် ပြောင်းလဲ ထုတ်လုပ်ခဲ့သည် စက်မှုဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
“ပြည်တွင်းမှာ ထုတ်နိုင်ရင်တော့လည်း ကောင်းမှာပေါ့။ နိုင်ငံခြားငွေ မကုန်တော့ဘဲ ချွေတာရာ ရောက်တာပေါ့။ ရေရှည်အတွက် ပိုကောင်းတာပေါ့။ များသော အားဖြင့် ဒီဆေးဝါးတွေကို WHO ရဲ့ အရည်အသွေး ထောက်ခံချက် နိုင်ငံတော် ရန်ပုံငွေနဲ့ ဝယ်နေရတယ်လို့ သိရတယ်”ဟု Burnet Institute Program Manager ဖြစ်သူ ဒေါက်တာဇော်မင်းဦးက ပြောကြားသည်။
တင်လင်း
Credit: The Voice Myanmar # Lwin Pyin
Credit: The Voice Myanmar # Lwin Pyin
Photo : Internet
The Now News Journal
27.4.2017 (Thursday)
No comments:
Post a Comment