Header Ads

လောင်းကြေးထပ်ပြီး မင်္ဂလာဆောင်မှာ ချွေးမကို နှုတ်ခမ်းချင်းနမ်းပြတဲ့ ယောက္ခမ


သားဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ သတို့သမီးဖြစ်သူက ယောက္ခမက လူပုံအလယ် ဆွဲနမ်းပြလိုက်တဲ့ ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

ရုပ်သံမြင်ကွင်းအရ သက်လတ်ပိုင်း အမျိုးသားတစ်ဦးဟာ သူ့ရဲ့ချွေးမအသက်စက်စက် အမျိုးသမီးကို မင်္ဂလာဆောင် ပရိသတ်တွေ အလယ်မှာ နှုတ်ခမ်းချင်းတေ့ကာ နမ်းပြခဲ့တာဖြစ်ပြီး အဲဒီဗီဒီယိုဖိုင်ဟာလည်း ၁၇ စက္ကန့် ကြာမြင့်ခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ သူ့ရဲ့မိတ်ဆွေအချို့နဲ့ လောင်းကြေးထပ်ပြီး အားလုံးရဲ့ရှေ့မှာ ချွေးမကို နမ်းပြခဲ့တာဖြစ်ပါတယ်။ တရုတ်ယွမ်ငွေတစ်သောင်း( ကျပ် ၁၉ သိန်းကျော်)ကြေး လောင်းကြေးထပ်ပြီး အဆိုပါလောင်းကြေးငွေ အနိုင်ရဖို့အတွက် သားဖြစ်သူရဲ့ အသစ်စက်စက်သတို့သမီးကို ရအောင် စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်းဟီနန်ပြည်နယ်က မင်္ဂလာဆောင်တစ်ခုမှာ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ ခရစ္စမတ်နေ့မှာ ပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ယောက္ခမနဲ့ ချွေးမ အနမ်းပေးနေချိန်မှာ မင်္ဂလာပွဲလာ ပရိသတ်အချို့က ညာသံပေးပြီး အားပေးအားမြှောက်လုပ်နေခဲ့ပေမယ့် သတို့သမီးကတော့ ရှက်ရွံ့နေခဲ့တာတွေ့ရပါတယ်။

Source : The Sun
Credit: duwun # myanmar forward

The Now News Journal
27.4.2017 (Thursday)

No comments:

Powered by Blogger.