Header Ads

ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းတွင် ကုန်တင်သင်္ဘော နစ်မြုပ်မှုဖြစ်ပွား

MV ရွှေလက်ဝါးကုန်တင်သင်္ဘောတိမ်းစောင်းနစ်မြုပ်မှုကို ကယ်ဆယ်ရေးဆောင်ရွက်ကြစဉ်။
ရန်ကုန် ၂၇-၄-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ခံဗောတံတား အမှတ်(၁)တွင် ဆိုက်ကပ်ထားသည့် ဦးရွှေမောင် ပိုင်ဆိုင်ပြီး ဦးမင်းကိုကို မောင်းနှင်သည့် MV ရွှေလက်ဝါးကုန်တင် သင်္ဘောသည် ယနေ့ ညနေ ၄ နာရီခန့်တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗားကရာဆိပ်ခံဗောတံတား အမှတ်(၁)တွင် ကုန်အပြည့်နှင့် ဆိုက်ကပ်ထားစဉ် ညာဘက်ခြမ်း တိမ်းစောင်းလာပြီး နစ်မြုပ်မည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ကုန်တင်သင်္ဘောနစ်မြုပ်မှုမှ အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ကြည့်မြင်တိုင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှု ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိအဖွဲ့ အစည်းများ၊ လုပ်သားပြည်သူများက သင်္ဘောပေါ်တွင် တင်ဆောင်ထားသည့် ကုန်ပစ္စည်းများကို ဝိုင်းဝန်းကူညီ သယ်ဆောင်ပေး ကြသော်လည်းည ၆ နာရီ မိနစ် ၂ဝ တွင် လုံးဝနစ်မြုပ်သွား ခြင်းဖြစ်သည်။ ကုန်တင်သင်္ဘော တိမ်းစောင်းရခြင်းအကြောင်းရင်းကို ဆက်လက်စုံစမ်းလျက်ရှိ ကြောင်းသိရှိရပြီး ပတ်ဝန်းကျင်ပြည်သူများ၏ ပြောကြားချက်အရ ရေတက်လာစဉ် တိမ်းစောင်း၍ ရေများဝင်ရောက်လာပြီး နစ်မြုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်္ဘောပေါ်တွင် မော်တော်ယာဉ်နှစ်စီး၊ အချိုရည်၊ မုန့်မျိုးစုံ၊ ဆီပီပါများ၊ ဆီပုံးများနှင့် အခြားသောလူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများတင်ဆောင် ထားပြီး ယနေ့ ညနေပိုင်းတွင် စစ်တွေသို့ ထွက်ခွာရန်ပြင်ဆင် နေစဉ် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Credit # Thermyawadydaily
The Now News Journal
27.4.2017 (Thursday)

No comments:

Powered by Blogger.