Header Ads

မလေးရှားလေကြောင်းလိုင်း အပြောင်းအလဲ ကြီးကြီးမားမားပြုလုပ်မယ်


မလေးရှားလေကြောင်းလိုင်းရဲ့ အမှုဆောင်အရာရှိချုပ် Peter Bellew ဟာ မလေးရှားလေကြောင်းလိုင်းကို အပြောင်းအလဲ ကြီးကြီးမားမားပြုလုပ်ဖို့ ကြိုးပမ်းနေပြီး ကုန်ကျစရိတ်တွေလျှော့ချခြင်းနဲ့ A380 Superjumbo ဂျက်လေယာဉ်တွေကို မွတ်စလင်ဘုရားဖူးတွေအတွက် စင်းလုံး ငှားလေယာဉ်တွေအဖြစ် ပြောင်းလဲမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။
ဒါဟာ လေကြောင်းလိုင်းလုပ်ငန်း သမိုင်းကြောင်းမှာ အကြီးမား ဆုံးပြုပြင်ပြောင်း လဲမှုဖြစ်နိုင်တယ်လို့ Bellew က ဆိုပါတယ်။ မလေး ရှားလေကြောင်းလိုင်းဟာ မကြားသေးခင်နှစ်တွေ အတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေပြု လုပ်ခဲ့ပြီး အလုပ်အကိုင်ပေါင်း ခြောက်ထောင် ခန့်လျှော့ ချခဲ့သလို အာရှဒေသအတွင်း ခရီးစဉ်တွေကို အာရုံစိုက်နိုင်ဖို့ အတွက် အဝေးခရီးစဉ် အများစုကို လျှော့ချခဲ့ပါတယ်။
လာမယ့်နှစ် မှာ Superjumbo ဂျက်လေယာဉ် ၆ စီးကို ပုံမှန်ခရီးစဉ် ဝန်ဆောင်မှုကနေ အနားပေးပြီး ဆော်ဒီ အာရေးဗီးယားမှာရှိတဲ့ မက္ကာကို ဘုရားဖူး သွားမယ့်ခရီးသည် အုပ်စုတွေအတွက် စင်းလုံးငှား ဝန်ဆောင် မှုတွေပေး သွားမှာဖြစ်တယ်။ အဆိုပါလေယာဉ်ကြီးတွေကို ခရီးသည် ၇၁၅ ဦးအထိ တင်ဆောင်နိုင်အောင် ပြုပြင်မှုတွေပြုလုပ်သွားမှာဖြစ်ပြီး အထူး တန်း၊ ဆုတောင်းဝတ်ပြုဖို့ နေရာတွေနဲ့ ခြေလက်ဆေးကြော သန့်စင်နိုင် တဲ့နေရာတွေ ပါဝင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဒီဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ကမ္ဘာ့ဈေးကွက်ရဲ့ ၅ ရာခိုင်းနှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ရရှိဖို့ ကြိုးပမ်းနေပြီး ဒီဝန်ဆောင် မှုနဲ့ အပေါ် စိတ်ဝင်စားမှု များစွာရရှိထားပြီးဖြစ်တယ်လို့ Bellew က ပြောပါ တယ်။ မလေးရှားလေကြောင်းလိုင်းရဲ့ အဓိကဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ကုန်ကျ စရိတ်လျှော့ချဖို့ လိုအပ်တဲ့အပိုင်းနဲ့ လေကြောင်းလိုင်းကို အဆင့်မြင့် တန်ဖိုးကြီး အမှတ်တံဆိပ် အဖြစ်မြှင့်တင်ဖို့ကို ထိန်းညှိနိုင်ဖို့ Bellew က ကြိုးပမ်းနေပါတယ်။
Ref: CNNMoney
The Now News Journal
27.4.2017(Thursday)

No comments:

Powered by Blogger.