Header Ads

ဒေ့ဗ်လက်ဒက်နှင့်စိန်ခေါ်ပွဲကို မြန်မာနိုင်ငံ၌သာ ယှဉ်ပြိုင်ထိုးသတ်လိုဟု စောငမန်းဖွင့်ဟ




မြန်မာ့ရိုးရာလက်ဝှေ့အလွတ်တန်းချန်ပီယံဟောင်း စောငမန်းကေ
ဒ့ဗ်လက်ဒက်နှင့်စိန်ခေါ်ပွဲကို မြန်မာနိုင်ငံ၌သာယှဉ်ပြိုင်လိုကြောင်း
ဖွင့်ဟ ပြောဆိုခဲ့သည်။
စောငမန်းနှင့်ဒေ့ဗ်လက်ဒက်တို့၏စိန်ခေါ်ပွဲဖြစ်ပေါ်လာရန်
နှစ်ကြိမ်တိုင်တိုင်စီစဉ်ခဲ့သောအကြောင်းအမျိုးမျိုးကြောင့်
ပျက်ပြယ်ခဲ့ရသည်။ပြီးခဲ့သည့်ဧပြီ၁၈ရက်ကဂျပန်နိုင်ငံတွင်
ကျင်းပခဲ့သောမြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင်ဒေ့ဗ်လက်ဒက်နှင့်
စောငမန်းတို့ နှစ်ဦးစလုံး ပါ ဝင် ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါပွဲစဉ်အပြီးတွင်
ယင်းလက်ဝှေ့သမား နှစ်ဦး၏စိန်ခေါ်ပွဲဖြစ်ပေါ်လာမည်ဟုသတင်း
ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။မြန်မာမီဒီယာဂရု(ပ်)က လာမည့် ဇွန် တွင် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဂျပန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ရာ ယင်းပွဲစဉ်တွင် စောငမန်း နှင့်ဒေ့ဗ်လက်ဒက်တို့၏ စိန်ခေါ်ပွဲကို ထည့်သွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။သို့သော် စောငမန်းက မြန်မာပရိသတ်ရှေ့မှောက်၌သာ ယှဉ်ပြိုင်ထိုးသတ်လိုနေခြင်းဖြစ်သည်။
''ဒေ့ဗ်လက်ဒက်နဲ့စိန်ခေါ်ပွဲက လောလောဆည်မဖြစ်သေးပါဘူး။
လာမယ့် ဒီဇင်ဘာလောက်မှ ထိုးဖြစ်ဖို့များတယ်။ ကျွန်တော်က ဒေ့ဗ်နဲ့ စိန်ခေါ်ပွဲကို မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်ရှေ့မှာထိုးချင်တယ်။
နိုင်ငံခြားမှာထိုးဖို့တော့အစီအစဉ်မရှိဘူး။တကယ်လို့ပွဲဖြစ်လာခဲ့ရင်
လည်း မြန်မာနိုင်ငံမှာပဲ ဖြစ်ဖို့များတယ်''ဟု စောငမန်းက ပြောသည်။
ဒေ့ဗ်လက်ဒက်သည် မြန်မာ့ရိုးရာလက်ဝှေ့သမားများနှင့် တွေ့ဆုံမှုများတွင် ရလဒ်ကောင်းများ ရရှိထားသူဖြစ်သော်လည်း သူ့အတွက် ဖိအားလုံးဝမရှိကြောင်း စောငမန်းကပြောသည်။
''သူကအရပ်မြင့်တဲ့ဖိုက်တာဆိုတော့ကစားရခက်တယ်။
ဒါပေမဲ့ကျွန်တော်က နိုင်ငံခြားသားလက်ဝှေ့သမားတွေ အများကြီးနဲ့ ထိုးသတ်ခဲ့ဖူးပါတယ်။အရပ်မြင့်တဲ့ဖိုက်တာတွေနဲ့လဲ တွေ့ခဲ့ဖူးတယ်။
ဖိအားလုံးဝမရှိပါဘူး။ဒေ့ဗ်နဲ့ စိန်ခေါ်ပွဲအမှန်တကယ်ဖြစ်လာခဲ့ရင်တော့
နိုင်ပွဲရ ရှိအောင် ကြိုးစားသွားမှာပါ''ဟု စောငမန်းက ပြောသည်။
ဝါရင့်လက်ဝှေ့သမား စောငမန်းသည် နောက်ဆုံးပွဲစဉ်အဖြစ်
ပြီးခဲ့သည့် ဧပြီ ၁၈ရက်က ဂျပန်လက်ဝှေ့သမား တာရိုဟီကိုခူဘိုနှင့်
ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒက်သည် လက်ရှိတွင် ကမ္ဘာ့လက်ဝှေ့အလွတ်တန်းချန်ပီယံအဖြစ်ရပ်တည်နေသူဖြစ်ပြီး တူးတူး၊ထွန်းထွန်းမင်း၊ဖိုးကေ အစရှိသော မြန်မာလက်ဝှေ့ကျော်များနှင့် ထိုးသတ်ထားသူဖြစ်ပြီး မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားသူဖြစ်သည်။
ကျော်ဇင်လှိုင်
Credit : The Myanmar Times 
The Now News Journal
28.4.2017 (Friday)

No comments:

Powered by Blogger.