ကြည့်မြင်တိုင်တစ်ဖက်ကမ်းက ရပ်ကွက်တွေမှာ သောက်သုံးရေပြတ်လပ်မှု ကြုံတွေ့နေ
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာရှိတဲ့ ဆိတ်ကြီးဦးမြငါးစင်ရပ်ကွက်ထဲက သောက်ရေကန်အချို့မှာ ရေပြတ်လပ်နေပါတယ် ။
ရေပြတ်နေတဲ့သောက်ရေကန်ထဲကို မြစ်ရေစုပ်တင်ပြီး သုံးနေရတယ်လို့သိရပါတယ် ။ သောက်ရေကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့အစီအစဉ်နဲ့ ပေးဝေနေပါတယ် ။ သောက်ရေတွေကို စက်လှေထဲထည့်ပြီး ရေပြတ်နေတဲ့ ရပ်ကွက်တွေကို ပေးဝေတာဖြစ်ပြီး တစ်နေ့ကို ရေဂါလံ တစ်သောင်းရှစ်ထောင်လောက် ဖြန့်ဝေပေးနေရတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ - စစ်ထက်အောင်
Credit : Kumudra
The Now News Journal
24.8.2017(Friday)
No comments:
Post a Comment