Header Ads

လီဗာပူးလ်အသင်း လာမည့်ရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို ထုတ်ဖော် ပြသ




ဧပြီ ၂၇၊ ၂၀၁၇။
လီဗာပူးလ်အသင်းသည် လာမည့်ရာသီတွင် ဝတ်ဆင်မည့် အိမ်ကွင်းဝတ်စုံသစ်ကို ထုတ်ဖော်ပြသ လိုက်တယ်လို့ ဆန်း သတင်းစာက ဖေါ်ပြလိုက်ပါတယ်။
၁၈၉၂ ခုနှစ်၊ ဇွန်လတွင် လီဗာပူးလ် အသင်းကို စတင်တည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ၁၂၅ နှစ် ပြည့်မြောက်မည်ဖြစ်သည့် အတွက် အထိမ်းအမှတ်အဖြစ် ဝတ်စုံသစ်ကို ဖန်တီးထားတာပါ။
ဝတ်စုံမှာ အနီရင့်ရောင်ဖြစ်ပြီး အင်္ကျီပေါ်၌ ဟေးဘရော့ဖြစ်ရပ်ကို ရည်ညွှန်းသည့် 96 ဂဏန်း၊ ၁၂၅ နှစ်ပြည့်အထိမ်းအမှတ် 125 YEARS ဟူသည့်စာတန်းများ ထည့်သွင်းရိုက်နှိပ်ထား ပါတယ်။
ဒါအပြင် ရောမမြေတွင် အိမ်ရှင်ရိုးမားအသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားရရှိခဲ့သည့် ၁၉၈၃-၈၄ ရာသီက ဝတ်ဆင်ခဲ့သည့် အင်္ကျီဒီဇိုင်းမှ အဖြူရောင်လည်ရစ်နှင့် အဖြူရောင်လက်စည်းများကို ပြန်လည်ဖော်ထုတ်ဖန်တီးထားခြင်း လည်း ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းသည် ယင်းဝတ်စုံသစ်ကို ယခုရာသီ နောက်ဆုံးပွဲစဉ်အဖြစ် မစ်ဒယ်ဘရော့အသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည့်ပွဲ၌ စတင်ဝတ်ဆင်သွားရန် စီစဉ်နေပါတယ်။
The Now News Journal
28.4.2017(Friday)

No comments:

Powered by Blogger.