Header Ads

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား



နေပြည်တော် ဧပြီ ၂၇
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေ ၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ် ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် ပထမအစည်းအဝေးကျင်းပခဲ့ရာတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို အခြေခံ၍ အားသာချက်၊ အားနည်းချက်များ သိရှိထားပြီးဖြစ် ကြောင်း၊ ယခုတစ်ကြိမ်တွင် ပိုမိုအဆင်ပြေကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြ ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရေး အတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ နှင့် ဒုတိယ၀န်ကြီးများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ကြမည့် ဖိတ်ကြား ရေး၊ ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ် ရေး၊ အစည်းအဝေးခန်းမအတွင်း နေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ လုံခြုံရေး၊ သတင်းပြန်ကြားရေး၊ ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များက လုပ်ငန်းလို အပ်ချက်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးခင်မောင်တင်၊ ဦးကျော်မျိုး၊ ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
The Now News Journal
28.4.2017(Friday)

No comments:

Powered by Blogger.