Header Ads

အင်တာနက်ကွန်ရက်ကနေ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေမှု


ရန်ကုန်၊ ဧပြီ ၂၆ – ကမ္ဘာ့နိုင်ငံကြီး တော်တော်များများမှာ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေကြရာမှာ အင်တာနက်ဟာ အဓိက အခန်းကဏ္ဍကပါဝင်နေပါတယ်။ အင်တာနက်ကွန်ရက်တွေမပေါ်ခင် အချိန်ကာလတုန်းကဆိုရင် အလုပ်အကိုင်ရှာဖွေဖို့ အလုပ်ခေါ်တဲ့နေရာနဲ့ ကုမ္မဏီတွေကို လူကိုယ် တိုင်သွားရောက်ရှာဖွေကြရတာဖြစ်ပါတယ်။
အလုပ်အကိုင်ခေါ်ယူတဲ့ ဂျာနယ်အထူကြီးကိုလှန်ဖတ်ပြီးတစ်ခုချင်း စီကို ရှာဖွေရတာကခက်ခဲပါတယ်။
အခုအချိန်မှာဆိုရင်တော့ လူမှုကွန်ရက်နဲ့ အင်တာနက်ကွန်ရက်ပေါ် မှာ ရှာဖွေလိုက်တာနဲ့ အလုပ်အကိုင်ခေါ်ယူတဲ့ ဝက်ဘ်ဆိုက်တွေ ရှိလာတာကြောင့် အချိန်ကုန်သက်သာတာ၊ လုပ်ဆောင်ချက်တွေ မြန်ဆန်အောင်လုပ်နိုင်တာနဲ့ လူပင်ပန်းမှုမရှိဘဲငွေကုန်ကြေးကျ သက်သာတာ စတဲ့ရလဒ်တွေကိုရနေပါပြီ။ ဒါ့အပြင်အင်တာနက် ဝက်ဘ်ဆိုက်ပေါ်ကနေ အလုပ်အကိုင်အခွင့် အလမ်းကို အသုံးပြုခြင်းကြောင့် မိမိလုပ်ကိုင်လိုတဲ့အလုပ်အကိုင်ကို မိမိရဲ့စကေးနဲ့ တိုက်ပြီး အလွယ်တကူရှာဖွေနိုင်ပါတယ်။
အရင်က အလုပ်အကိုင်လျှောက်လွှာဖြစ်တဲ့ CV ဖောင်ကိုစာရွက် ဝယ်ဖြည့်စွက်ပြီး အလုပ်ခေါ်ယူတဲ့နေရာတွေကို ကိုယ်တိုင်သွား ရောက်ပေးပို့ရတာဖြစ်ပေမဲ့ အခုဆိုရင်တော့ အလုပ်အကိုင်အခွင့် အလမ်းဝက်ဘ်ဆိုက်တွေနဲ့ ချိတ်ဆက်ပြီး CV ဖောင်ကိုလူကိုယ်တိုင် သွားရောက်တင်စရာမလိုဘဲ ဝက်ဘ်ဆိုက်ကနေ တစ်ဆင့်စာရိုက် ဖြည့်စွက်ပြီးလျှောက်ရုံပဲဖြစ်ပါတယ်။
နောက်တစ်ခုက အလုပ်လျှောက်ဖို့ ဝက်ဘ်ဆိုက်အပြင်ပိုပြီးလွယ်ကူ လာတဲ့ မိုဘိုင်းလ်အက်ပ်တွေပေါ်လာတာဖြစ်ပါတယ်။ အလုပ်အကိုင် ရှာဖွေဖို့ မိုဘိုင်းလ်အက်ပ်ရှိရုံနဲ့ search လုပ်ပြီးရှာနိုင်တာကြောင့် အချိန်ကုန်မှုနဲ့ တခြားအခက်အခဲတွေကို အများကြီးသက်သာစေတာ ဖြစ်ပါတယ်။
နောက်ပြီး အွန်လိုင်းကနေ အချိန်ပိုင်းနဲ့ အချိန်ပြည့်အလုပ်အကိုင်တွေ လည်းရှာဖွေနိုင်မှာဖြစ်သလို ကိုယ့်အနီးပတ်ဝန်းကျင်ကအလုပ်တွေ ကိုပါ ရှာဖွေနိုင်ပါပြီ။
အင်တာနက်ရှိရုံ
နောက်ပြီးအင်တာနက်ကနေ အလုပ်အကိုင်ခေါ်ယူပွဲတွေကို လူ မှုကွန်ရက်တွေပေါ်မှာ အမြဲကြော်ငြာနေတာကြောင့် မိမိအနေနဲ့အင် တာနက်လေးရှိရုံနဲ့ အချိန်တိုင်းသိရှိနိုင်ပြီဖြစ်ပါတယ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအင်တာနက်သုံးစွဲမှု အခြေအနေဟာ အခုနှစ်မှာ ၄၆ သန်းကျော်(၈၈ .၉၅ ရာခိုင်နှုန်း)ရှိနေတယ်လို့ သိရှိရပါတယ်။
သည်အခြေအနေတွေကြောင့် နိုင်ငံတကာကနေ အင်တာနက် အခြေပြု စီးပွားရေးလုပ်ငန်း ကွန်ရက်တွေလည်း ပြည်တွင်းဈေးကွက် အတွင်းကို ဆက်တိုက်ဝင်ရောက်နေတာဖြစ်ပြီး အင်တာနက်ကနေ  အလုပ်အကိုင်ရှာဖွေ တာတွေ၊ ဈေးဝယ်တာတွေ၊ သတင်းဖတ်ရှု တာတွေနဲ့ ရုပ်သံကြည့်ရှုမှုနှုန်းထားတွေမှာလည်းမြင့်တက်လာပါ တယ်။
Boston Consulting Group က အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ ပြင် သစ်၊ တောင်အာဖရိကစတဲ့ ကမ္ဘာ့နိုင်ငံကြီး ၁၃ နိုင်ငံက အလုပ် သမားပေါင်း ၁၃,ဝ၀ဝ ခန့်ကို ကောက်ယူထားတဲ့ စစ်တမ်းတစ်ခုမှ ဖော်ပြချက်အရ အလုပ်ရှာဖွေရာမှာ အင်တာနက်ဟာအကြီးမားဆုံးနဲ့  အကျယ်ပြန့်ဆုံး အခန်းကဏ္ဍမှာ ရပ်တည်နေတယ်လို့သိရပါတယ်။
အဲသည်စစ်တမ်းအရ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ Job Site တွေနဲ့ Social Network-ing Site တွေဟာ အရေးအပါဆုံးနဲ့ သက်ရောက်မှုအကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်ကြောင်းဖြေဆိုသူ ၄၄ ရာခိုင်နှုန်း ခန့်ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့အင်တာနက်ကနေ အလုပ်အကိုင်အခွင့်အလမ်း ဝန်ဆောင်မှုကုမ္မဏီတစ်ခုဖြစ်တဲ့ JobNet. com.mm မှ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Mr. Matt De Luca က ‘နိုင်ငံအတွင်းအင်တာ နက် access ပိုမိုကျယ်ပြန့် စွာရရှိလာခြင်းက အလုပ်ရှာဖွေသူတွေ အတွက် သတင်းအချက်အလက်များ ပိုမိုရရှိစေတာကြောင့် အကျိုး ကျေးဇူးကောင်းဖြစ်စေပါတယ်၊ ဥပမာ ကျွန်တော်တို့ JobNet.com.mm လိုမျိုး အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီးမြောက်မြားစွာသော အလုပ်အကိုင်အခွင့်အလမ်းများကို ကြည့်ရှုနိုင်မယ်၊ နောက်ပြီး မိမိနဲ့အံဝင်ခွင်ကျအဖြစ်ဆုံးအလုပ်ကို ရွေးချယ်ပြီး ရိုးရှင်းသောလုပ်ဆောင်ချက် အဆင့်အနည်းငယ်မျှဖြင့် သာလျှောက်ထားနိုင်မယ်၊ အွန်လိုင်းမှ အလုပ်ရှာဖွေသူများအနေနဲ့ မိမိတို့လုပ်ကိုင်လိုတဲ့ အလုပ်ရဲ့ job description များအပြင် ကုမ္မဏီများရဲ့နောက်ခံအခြေအနေသတင်းအချက်အလက်များပါ သိရှိနိုင်တာကြောင့်လဲ ပိုမိုမှန်ကန်ကောင်းမွန်တဲ့ဆုံးဖြတ်ချက် များချမှတ်နိုင်မှာဖြစ်ပါတယ်၊ နိုင်ငံတွင်းသို့ ကုမ္မဏီအသစ်များပိုမို ဝင်ရောက်လာသည်နှင့်အမျှ နေ့စဉ်အလုပ်အကိုင်အခွင့်အလမ်း အသစ်များကို မိမိတို့ မိုဘိုင်းလ်ဖုန်းများမှတစ်ဆင့် မိမိစိတ်ကြိုက် အလုပ်အကိုင်အမျိုးအစားအားရွေးချယ်လျှောက်ထားနိုင်ခြင်းမျိုး တွေကလဲ ပိုမိုအဆင်ပြေစေတဲ့အချက်တွေဖြစ်ပါတယ်လို့ ပြော ပါတယ်။
JonNet.com.mm ဟာ မြန်မာပြည်ရှိ ထိပ်တန်းကုမ္မဏီကြီးတွေ အတွက် အလုပ်သမားတွေရှာဖွေပေးမှုနဲ့ အလုပ်အကိုင်ရှာဖွေ နေသူတွေအတွက် အခြားနေရာတချို့မှာ ရှာဖွေမရနိုင်တဲ့အလုပ် အကိုင်တွေရရှိနိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ဝက်ဘ်ဆိုက်ကြီးတစ်ခု ဖြစ်ပါတယ်။
JonNet.com.mm ဝက်ဘ်ဆိုက်မှာ ထောင်ပေါင်းများစွာရှိတဲ့ job vacancies တွေကို အွန်လိုင်းကတစ်ဆင့် ငလိငက တစ်ချက်တည်းနဲ့ ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။
Author – မေဘယ်လ်
#the kumudra journal
The Now News Journal
27.4.2017(Thursday)

No comments:

Powered by Blogger.