Header Ads

ပြည်သူစိတ်ပျက် YBS အသုံးအနှုံးကို လက်မခံနိုင်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တုံ့ပြန်



ပြည်သူစိတ်ပျက် YBS ဆိုတဲ့ နိမိတ်ပြစကားလုံးကို လက်မခံကြောင်း ဧပြီ ၂၇ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က တုံ့ပြန်ပြောကြားသည်။
ပြီးခဲ့သည့် လွှတ်တော်အသည်းအဝေးတွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တင်သွင်းသော YBS အဆိုကို တိုင်းလွှတ်တော်အမတ် ၂၆ ဦးတို့က YBS ၏ အားနည်းချက်၊ အားသာချက်၊
ကောင်းကျိုး ၊ ဆိုးကျိုးများကို ဝိုင်းဝန်း ထောက်ပြ အကြံပြုဆွေးနွေးခဲ့ကြသည်။
ယင်းသို့ဆွေးနွေးရာတွင်"အခုအချိန်မှာ ပြည်သူ့အတွက် YBS မဟုတ်ဘဲ ပြည်သူစိတ်ပျက် YBS ဖြစ်နေပါတယ်''ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ထည့်သွင်းပြောကြားခဲ့ပြီး ယင်းသုံးနှုန်းခိုင်းနှိုင်းချက်နှင့်ပတ်သက်၍ လက်မခံနိုင်ကြောင်း ဝန်ကြီးက ပြောကြားသည်။
"လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ ပြောသလို ပြည်သူစိတ်ပျက် YBS ဆိုတဲ့ နိမိတ်ပြ စကားလုံးကို လက်မခံနိုင်ပါဘူး။ အချိန်တန်ရင် ပြည်သူလူထုက ဆုံးဖြတ်သွားပါလိမ့်မယ်''ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။
လင်းလင်းအောင်
The Now News Journal
27.4.2017(Thursday)

No comments:

Powered by Blogger.