" ဗိုက်ကျချင်သူများ ဂျင်းပြုတ်ရည်သောက်ပါ "
ဝိတ်ကျချင်လို့ အဆီကျကော်ဖီတွေ သောက်မယ့်အစား အန္တရာယ်ကင်းသော ဂျင်းပြုတ်ရည်သာ သောက်သုံးပေးဖို့ တိုက်တွန်းလိုပါတယ် ။ လေ့လာတွေ့ရှိမှုအရ ချင်း(ဂျင်း)ဟာ ခန္ဓာကိုယ်အလေးချိန် လျှော့ချဖို့အတွက်များစွာအထောက်အကူ ပြုနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ် ။ ဒါ့အပြင် ကျန်းမာရေးအတွက်လည်း အဖက်ဖက်မှ ကောင်းမွန်သော အကျိုးကျေးဇူးတွေ ရှိတာကြောင့် ဝတဲ့သူတွေအတွက် နည်းလမ်းကောင်းတစ်ခုပါပဲ ။ အထူးသဖြင့် ဗိုက်အဆီကျချင်သူများအနေဖြင့် ဂျင်းကိုစားခြင်း ၊ သောက်ခြင်းများ ပြုလုပ်ပေးနိုင်ပါသည် ။
နည်းလမ်းကလည်း အလွန်လွယ်ကူပါတယ် ။ ရေနွေးဆူဆူထဲသို့ ဂျင်းအနည်းငယ်ခန့်ကို ၁၀မိနစ်ခန့် ထည့်ပြီး သောက်သုံးရုံပါပဲ ။ တစ်နေ့ကို နှစ်ခွက် မှ သုံးခွက်အထိ သောက်သုံးပေးပါ။ မိမိနှစ်သက်သလို သံပုယိုရည် (သို့) ပျားရည် ထည့်၍လည်း သောက်သုံးပေးနိုင်ပါတယ် ။ နေ့စဉ်သာ ပုံမှန်သောက်ပေးမယ်ဆို တစ်လအကြာမှာ သိသိသာသာ အဆီကျသွားတာကို မြင်တွေ့ရမှာပါ ။
အစာမစားခင်တိုင်း ဂျင်းအနည်းငယ်ခန့်ကို ဝါးစားပေးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အဆီဖြစ်တည်လာမှုကိုလည်း လျော့ကျစေနိုင်ပါတယ် ။ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သော အဆီကျဆေး နှင့် အဆီကျကော်ဖီ များကို သောက်သုံးမည့်အစား ချင်းကိုသာ မှန်မှန်အသုံးပြုမယ်ဆို လှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်မှာပါ ။ ။ ။
CHAN (ရွှေအင်းလေး)
# Today Myanmar
The Now News Journal
27.4.2017 (Thursday)
No comments:
Post a Comment