Header Ads

တောတွင်း ဓာတ်ပုံဆရာကို မတိုက်ခိုက်ဘဲ ဗိုက်ပွတ်ခိုင်းခဲ့တဲ့ ကြံ့



ကြံ့များဟာ သူတို့ပိုင်နက်မှာပဲ နေထိုင်တဲ့ သတ္တ၀ါများဖြစ်ပြီး သူတို့ရဲ့ပိုင်နက်ကို ကျုးကျော်လာတဲ့ သက်ရှိများ(အထူးသဖြင့် လူများ)ကို အရှိန်ဟုန်ပြင်းပြင်း လိုက်လံတိုက်ခိုက်တတ်တဲ့ သတ္တ၀ါတွေ ဖြစ်ကြပါတယ်။ကြံ့များဟာ အပင်စားတိရစ္ဆာန် ဖြစ်ပြီး သတ္တ၀ါများကို တိုက်ခိုက်ရာမှာ အစားအစာ အတွက် တိုက်ခိုက်လေ့မရှိပါဘူး။ဒါပေမဲ့ သူတို့ရဲ့ ပိုင်နက် ကျုးကျော်လာတဲ့ သတ္တ၀ါတွေကိုတော့ ခေါင်းနဲ့ ဆောင့်ပြီး တိုက်ခိုက်လေ့ရှိကြပါတယ်။

ဒါပေမဲ့ ကြံ့တိုင်းကတော့ ရန်မလိုဘဲ မရိုင်းစိုင်းကြဘူးလို့ဆိုရမှာပါ။အာဖရိကတိုက်မှာတည်ရှိတဲ့ အာဖရိက ဆဗားနား မြက်ခင်းပြင်ကျယ်ကြီးမှာ နေထိုင်တဲ့ ကြံ့တစ်ကောင်ဟာ ဓာတ်ပုံဆရာတစ်ယောက်နဲ့ လာမိတ်ဖွဲ့ခဲ့ပါတယ်။

ဓာတ်ပုံဆရာရဲ့ နာမည်ဟာ ဂါတ် အော်စတင် ( Garth de Bruno Austin) လို့ အမည်ရပြီး နှစ်ပေါင်းများစွာ ကြံ့တွေအကြောင်း စူးစမ်းလေ့လာနေတဲ့ ဓာတ်ပုံဆရာတစ်ဦးဖြစ်ပါတယ်။အော်စတင်ဟာ အာဖရိက ဆဗားနား မြက်ခင်းပြင်ကျယ်မှ တောရိုင်းသတ္တ၀ါများရဲ့ အလှတရားကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး အာဖရိက တောရိုင်းသဘာဝများ ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးဆောင်နေတဲ့ လူတစ်ဦးလည်း ဖြစ်ပါတယ်။

တစ်နေ့မှာ အော်စတင်ဟာကြံ့များကို ဓာတ်ပုံလိုက်ရိုက်နေစဉ်ကြံ့တစ်ကောင်ဟာ သူအနားကို လာရောက်ပြီး ဗိုက်ကို ပွတ်ခိုင်းခဲ့ပါတယ်။ဗီဒီယိုထဲမှာတော့ အော်စတင်တစ်ယောက် ကြံ့ကို ဗိုက်ပွတ်ပေးနေစဉ်မှာ ဇိမ်ခံနေတဲ့ ကြံ့ကို ချစ်စဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Shwemom

Ref : Rach Feed
Credit : Myanmar Forward # Search Myanmar
The Now News Journal
27.4.2017(Thursday)

No comments:

Powered by Blogger.