Header Ads

အများပြည်သူသိရှိစေရန် အသိပေးနှိုးဆော်ချက်


၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ထိရောက်သည့် အကျိုးအာနိသင်ရှိပြီး ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းစေသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက် ရှိပါသည်။

၂။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် ဈေးကွက်တင်ရောင်းချနေသည့် အလှကုန်ပစ္စည်း စုစုပေါင်း ၂၁ မျိုးကို ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

၃။ အောက်ဖော်ပြပါ အလှကုန်ပစ္စည်းကိုးမျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

MOI Webportal Myanmar
Credit Link - http://www.myanmarcnn.com/2014/03/blog-post_2735.html

No comments:

Powered by Blogger.