အမည်မသိ ယာဉ်တစ်မျိုး ပေါက်တောမြို့နယ်တွင် လူများမြင်တွေ့ခဲ့
Wednesday, March 26, 2014
(နိရဉ္စရာ- ၂၅ မတ်လ ၂၀၁၄)/ လင်းမြတ် (ပေါက်တော)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖရုံကာကျွန်း မောက်ပြားကျေးရွာ အနီး အမျိုးအမည်မသိသော ထူးဆန်းသော ယာဉ်တစ်စီးကို ဒေသခံ ပြည်သူများက ယမန်နေ့ နေ့လည် (၃) နာရီခန့်က မြင်တွေ့ခဲ့ကြရသည်ဟု ဆိုသည်။
၎င်းယာဉ်သည် အရောင် (၃) ရောင်ပါရှိပြီး အသံ တစ်စုံတရာ မမြည်ဘဲ မောက်ပြားကျေးရွာ အနီး ပျံသန်းလာပြီး ဆင်းသက်ရန် လုပ်စဉ် ကျေးရွာသားများက လိုက်ပါသွားရာ ပြန်လည် ပျံတက်သွားခဲ့သည်ဟု မျက်မြင်ဒေသခံများကို ကိုးကားပြီး ကျောင်းဆရာ တစ်ဦးက ပြောသည်။
နောက်တစ်ခေါက် ဆင်းသက်ရန် လာစဉ် ဆက်လက် လူများလိုက်ပါသွားရာ ထပ်မံ ပျံတက်သွားပြီး အသပြာကျွန်းဘက်သို့ ဖြတ်ပျံသန်းသွားခဲ့သည်ဟု ဆိုသည်။
၎င်းယာဉ်တွင် အရောင် (၃) မျိုး ပါရှိပြီး ၎င်းအရောင်များမှာ အောက်တွင် အနီရောင်၊ အလယ်တွင် ပန်းရောင်၊ အထက်မှ အညိုရောင် ဖြစ်ကြောင်း သိရသည်။ ယင်းပြင် ၎င်းယာဉ်တွင် ထီးနှင့် ခေါင်လာင်းပုံသဏ္ဍာန်လိုလို ဖြစ်သည်ဟု ဆိုသည်။
၎င်းယာဉ်ပျံမှာ ထူးဆန်းပြီး တစ်ခါမှ မမြင်တွေ့ဖူးကြောင်း၊ သို့သော်လည်း ဂတ်စ်ဗူးအသုံးပြုပြီး ပျံသန်းသော ယာဉ် တမျိုးမျိုး ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းနေကြသည်ဟု သိရသည်။
သက်ဆိုင်ရာ အာဏာပိုင်များကို ၎င်းဖြစ်စဉ်အား အမြန်ဆုံး စုံစမ်း စစ်ဆေးရန် ဒေသခံများက လိုလားနေကြသည်ဟု သိရသည်။
နိရဉ္စရာ
Credit Link - http://www.myanmarcnn.com/2014/03/blog-post_26.html
No comments:
Post a Comment