Header Ads

ADSLလိုင်း ဈေးလျှော့လိုက်ခြင်းကြောင့် သုံးစွဲသူမြင့်တက်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL လိုင်းများကို ဈေးနှုန်းလျှော့တပ်ဆင်ပေးနေပြီး လက်ရှိတွင် ADSL စနစ်တပ်ဆင်ထားသည့် မြို့ပေါင်း ၇၂ မြို့ ရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

ADSL အင်တာနက်လိုင်း ကနဦးတပ်ဆင်ခများနှင့် လစဉ် ကြေးများ လျှော့ချပေးပြီး နောက်ပိုင်းတွင်
လျှောက်ထားမှုပိုမိုများပြားလာကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ADSL စနစ် တပ်ဆင်ပေးထားသည့် မြို့ပေါင်း ၇၂ မြို့ ရှိပြီဖြစ်သော်လည်း ထို မြို့များအတွင်း ADSL တပ်ဆင်မရသည့် မြို့နယ်အချို့လည်းရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

‘‘ADSL က တခြားအင်တာ နက်လိုင်းတွေထက် သုံးရတာ ကောင်းတယ်။ ဒါပေမဲ့ လျှောက်ရင်အရမ်းကြာတယ်။ တစ်ခါတလေ လနဲ့ချီပြီးကို တော်တော်ကြာတယ်။ ဒါပေမဲ့ အခု လစဉ်ကြေးနဲ့နှစ်စဉ်ကြေးကလည်း အရင်က
ထက် တော်တော်သက်သာတော့ လျှောက်ထားရတာပဲ’’ ဟု ADSL လိုင်းအသုံးပြုသူက ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစတင်၍ ADSL အင်တာ နက်ချိတ်ဆက်အသုံးပြုသည့် ကနဦးတပ်ဆင်ခကို ယခင်ကျပ်ခြောက်သိန်းကောက်ခံနေရာမှ ငါးသောင်းဖြင့် ပြောင်းလဲကောက်ခံခဲ့ပြီး လစဉ်ကြေးများကိုလည်း ယခင်ဈေးနှုန်းများထက် ၃၈ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချပေးထား ခြင်းဖြစ်သည်။

Author: ဆွေမွန်
7DAY DAILY

Credit Link - Myanmar Forward

No comments:

Powered by Blogger.