ဂရစ်ဇ်မန်းကို ယူရိုသန်း(၁၀၀)ဖြင့် ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှု ရရှိထားပြီဟု The Sun ဖော်ပြ
မန်ယူအသင်းသည် အက်သလက်တီ ကိုအသင်းမှ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း ကို ခေါ်ယူရန် ယူရိုသန်း(၁၀၀)ဖြင့် သဘောတူ ညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းများထွက် ပေါ်လာခဲ့သည်။
ဂရစ်ဇ်မန်းသည် မန်ယူအသင်းအပါအ၀င် မန်စီးတီး၊ ချယ်လ်ဆီး၊ ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့၏ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် (၃)သင်းစလုံးက အမှန်တကယ်ချဉ်းကပ်ခဲ့ကြောင်းလည်း ၎င်း၏အေးဂျင့်ဖြစ်သူက အတည်ပြုခဲ့သည်။
အက်သလက်တီကိုအသင်းသည် ဂရစ်ဇ်မန်းကို ယူရိုသန်း(၁၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသော်လည်း ခေါ်ယူလိုသည့်အသင်းများ ၀ိုင်းဝိုင်းလည်နေခြင်းကြောင့် စာချုပ်သစ်ပြင်ဆင်ချုပ်ဆိုကာ လျော်ကြေးစာချုပ်တန်ဖိုးကို တိုးမြှင့်ရန် စီစဉ်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
သို့သော် ဗြိတိန်မီဒီယာတစ်ခုဖြစ်သည့် The Sun ကမူ မန်ယူအသင်းနှင့် အက်သလက်တီကိုအသင်းတို့သည် ဂရစ်ဇ်မန်း၏ အ ပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ မူလလျော်ကြေးစာချုပ်ပါ တန်ဖိုးအတိုင်း ပေါင်(၈၄)သန်း (ယူရိုသန်း ၁၀၀ )ဖြင့် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဂရစ်ဇ်မန်း၏ ဘဏ္ဍာရေးဆိုင်ရာအကြံပေးအဖြစ်ဆောင်ရွက်နေသည့် အဲ ရစ်အိုးလ်ဟတ်စ်ကမူ မန်ယူနှင့် သဘောတူ ညီမှုရရှိထားပြီဆိုသည့်သတင်းများကို အတည်ပြုခြင်းမရှိသော်လည်း သင့်တော်သည့် ပြောင်းရွှေ့ကြေးပမာဏဖြင့် ကမ်းလှမ်းလာပါက အက်သလက်တီကိုအသင်းက လက်ခံစဉ်းစားသွားရန် အသင့်ရှိနေကြောင်းနှင့် ဂရစ်ဇ်မန်းအနေဖြင့်လည်း စိန်ခေါ်မှုအသစ်များ ကို ရင်ဆိုင်ရန်အသင့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
Photos: REX FEATURES
The Now News Journal

No comments:
Post a Comment