မန်စီးတီးအိမ်ကွင်းမှာ ကစားရမယ့် မန်ချက်စတာဒါဘီတွင် လူအပြောင်းအလဲ ဆက်လုပ်သွားမှာဖြစ်ကြောင်း မော်ရင်ဟိုက အသိပေးပြောကြားခဲ့
မန်စီးတီးအိမ်ကွင်းမှာ ကစားရမယ့် မန်ချက်စတာဒါဘီတွင် လူအပြောင်းအလဲ ဆက်လုပ်သွားမှာဖြစ်ကြောင်း မော်ရင်ဟိုက အသိပေးပြောကြားခဲ့သည်။
တနင်္ဂနွေနေ့က ဘန်လေကို အနိုင်ရရှိခဲ့သော ပွဲစဉ်တွင်လည်း မော်ရင်ဟိုဟာ ရပ်ရှ်ဖို့ဒ်၊ မစ်ခီတာယန်၊ ကာရစ် တို့ကို အရံအဖြစ်ထားခဲ့ပြီး အပြောင်းအလဲ ၈ခု ထက်မနည်း ပြုလုပ်ခဲ့သည်။
ယူနိုက်တက်နောက်ဆုံးကစားခဲ့သော မိနစ် 210 လုံးတွင် အဲရစ်ဘိုင်လီ တစ်ယောက်သာ ပွဲချိန်ပြည့်ကစားထားနိုင်သည်။ အက်ဒါလခ်ျနှင့် ဒုကျော့ပွဲစဉ် အတွင်း ရိုဟို၊ မိုဗစ် တို့ဒဏ်ရာရရှိခဲ့ပြီး ဗလန်စီယာမပါဝင်ခဲ့သော ဘန်လေနှင့်ပွဲတွင်လည်း ပေါ့ဘာ ထပ်မံထိခိုက်မိခဲ့ပြန်သည်။
ဒါ့အပြင် မန်စီးတီးဟာလည်း အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သော မိနစ် 120 ကြာ FA Semi Final ပွဲစဉ်အတွင်း အဓိက ကစားသမားများ ဒဏ်ရာ ရရှိထားကြောင်း သိရပါတယ်။ လီပါပူလ်းအသင်းဟာလည်း တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်ကို ရှုံးခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ထိပ်ဆုံးလေးသင်းဝင်နိုင်ခွင့် အိပ်မက်ဟာ ပိုမိုထင်ရှားလာခဲ့ပြီပဲ ဖြစ်ပါတယ်။
သို့ပေမယ့်လည်း ယူနိုက်တက်ရဲ့ ပထမဦးစားပေးဟာ နောက်ထပ်ဖလားတလုံး ကိုင်မြှောက်ဖို့ပါလို့ မော်ရင်ဟိုက ပြောကြားသွားခဲ့ပါတယ်။
" ကျွန်တော်တို့ ဆဲလ်တာကိုသာ အနိုင်ရခဲ့ရင် ဖိုင်နယ်ရောက်ပြီ။ ပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့် အတွက်ကလည်း အဆင့်လေးဝင်ဖို့ အရေးကြီးပါတယ်။ ဒီကလပ်အသင်းက ဖလားတွေပဲ အလိုရှိတာလေ "
" ဒါပေမယ့် ကလပ်ကို ပရီးမီးယားလိဂ်ဖလား မယူပေးနိုင်ခဲ့ဘူး။ ဒါ့ကြောင့် ယူရိုပါလိဂ်ဖလားတော့ ယူပေးနိုင်အောင် အစွမ်းကုန် ကြိုးစားပေးသွားမှာပါ "
" မန်စီးတီးနဲ့ ဒါဘီပွဲစဉ်မှာ ကစားသမားအချို့ကို အနားပေးသွားမှာဖြစ်လို့ ကျွန်တော့်ကောင်လေးတွေ ဘာလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ "
" အနည်းဆုံးတော့ မျှော်လင့်ချက်ရှိနေသေးတယ် ဆိုတဲ့ စိတ်ခံစားမှုဟာ ပြိုင်ပွဲအတွက် ပိုကောင်းပါတယ်။ အဆင့်လေးက အသင်းနဲ့ တစ်မှတ်သာ ကွာခြားတဲ့ ဒါဘီပွဲစဉ်မှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အောင်ပွဲပေါ့ဗျာ "
ပေါ့ဘာ ပါဝင်နိုင်မလားဆိုတဲ့ အပေါ် မော်ရင်ဟိုက
" ကျွန်တော်မသိဘူးလေ။ သူဟာ ဒဏ်ရာရတာလား ဒါမှမဟုတ် အရမ်းလှုပ်ရှားခဲ့ရလို့ ကြွက်သားတွေ နာကျင်ရုံပဲလား ဆိုတာ ကျွန်တော်မပြောတတ်ပေမယ့် အခုတော့ သူနားနေရတာ သေချာတယ် "
" တကယ်လို့ ကြာသာပတေးနေ့မှာ သူမကစားနိုင်ခဲ့ရင်တော့ သူမကစားနိုင်တော့လို့ပဲ မှတ်ပါ။ သူ့နေရာမှာ တခြားတစ်ယောက်အစားထိုးပြီး ဆော့ခိုင်းမှာပါပဲ။ ကျွန်တော်တို့ ငိုနေမှာမဟုတ်ဘူး " လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ စီနီယာအသင်းကြီးအတွက် ပွဲထွက်ကစားသမား 16 ယောက်သာကျန်ရှိပါတော့တယ်။ ဒါဟာ ပြိုင်ပွဲတစ်ပွဲအတွက် အနည်းဆုံးရှိရမယ့် လူစာရင်းနဲ့ အတိပါပဲ။ ဗလန်စီယာ နဲ့ ပေါ့ဘာသာ မန်စီးတီးနဲ့ပွဲအတွင်း မပါဝင်နိုင်ခဲ့ရင် ယူနိုက်တက်ဟာ အရံအသင်းက လူငယ် ကွင်းလည်ကစားသမား မတ်တီ ၀ဲလောခ့် ကိုခေါ်ယူ အသုံးပြုရဖို့ရှိနေပါတယ်။
Source : Manchester's Evening News
Photo : Manchester United
Photo : Manchester United
The Now News Journal
No comments:
Post a Comment