Header Ads

မန္တလေးပညာရေးဦးစီးဌာနရှေ့၌ ခွင့်ပြုချက်မဲ့ဆန္ဒထုတ်ဖော်သဖြင့် ဖမ်းဆီးခံရသည့် ကျောင်းသားများ တရားရေးကိုအယုံအကြည်မရှိဟုဆိုကာ တရားရုံးကို ကျောပေးထိုင်




စစ်ကိုင်း ပညာရေကောလိပ်တွင် ဖိနှိပ်မှုများရှိသည်ဟုဆိုကာ ဧပြီ ၂၆ ရက်က မန္တလေး အဆင့်မြင့်ပညာဦးစီးဌာနရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများကို ယနေ့ (ဧပြီ ၂၈)တွင် ဒုတိယအကြိမ်ရုံးထုတ်ရာ တရားရေးကိုအယုံအကြည်မရှိဟုဆိုကာ နားကြပ်များတပ်၍ တရားရုံးကို ကျောပေးထိုင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်ကိုတွေ့ရသည်။
တရားစွဲဆိုခံရသော ကျောင်းသားများမှာ ဇော်ရဲထွဋ် (စစ်ကိုင်းပညာရေးကောလိပ် ဗကသအဖွဲ့ ဥက္ကဋ္ဌ)၊ နှင်းအောင် (စစ်ကိုင်းတက္ကသိုလ် ဗကသအဖွဲ့ဝင်)၊ ရဲမျိုးဆွေ (ရတနာပုံတက္ကသိုလ် ဗကသအဖွဲ့ဝင်)နှင့် ကောင်းဇော်ဟိန်း (ရတနာပုံတက္ကသိုလ် ဗကသအဖွဲ့ဝင်)တို့ဖြစ်ပြီး ယင်းတို့အား အမှတ် (၈) နယ်မြေရဲစခန်းမှ ပုဒ်မ-၁၉ ဖြင့် ဧပြီ (၂၆) ရက်က အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။
"ကျောင်းသားတွေကို ပုဒ်မ-၁၉နဲ့ တရားစွဲထားတာပါ။ အာမခံပေးခဲ့ပေးမယ့် သူတို့က မယူခဲ့ကြဘူး။ ယနေ့ဆက်လက်စစ်ဆေးဖို့အတွက် ထပ်မံချိန်းဆိုတာကို တရားခံရဲ့အခွင့်အရေးတွေ ပေးတယ်။ သူတို့က တရားရုံးကိုကျောပေးထားတယ်။ ဖုန်းတွေပွတ်နေတယ်။ တရားစီရင်မှုကို နားခံမှုမရှိဘူး။ သက်သေ ၄ ယောက်အနက် ယနေ့ ၂ ယောက်ကို စစ်ဆေးပြီပါပြီ။ မေလ ၂ ရက်နေ့မှာ သူတို့ကိုအမိန့်ချမယ်။ ပုဒ်မ-၁၉ အရ ထောင်ဒဏ် ၃ လနဲ့ငွေဒဏ် ၃ သောင်းထိချလိုပါတယ်”ဟု ချမ်းအေးသာစံမြို့နယ်တရားရုံးမှ မြို့နယ်တွဲဖက်တရားသူကြီး ဦးမောင်မောင်သက်လွင်က ပြောကြားသည်။
စိုင်းထူးခန့်
The Now News Journal
28.4.2017(Friday)

No comments:

Powered by Blogger.