လူတိုင်းနီးပါး ကြုံဖူးပြီး သေချာ မသိသေးတဲ့ နှလုံးထဲက စူးကနဲ စူးကနဲ အောင့်တဲ့ အကြောင်း
ဖြစ်ဖူးတဲ့ လူတော်တော်များများကိုအတွေ့အကြုံမေးကြည့်မယ်ဆိုရင်တော့ အထဲကနေ ဆွဲဆွဲ စုပ်ယူလိုက်သလိုမျိုး၊ တခုခုနဲ့ ဆောင့်ထိုးလိုက်သမျိုးခံစားရတယ်လို့ပြောကြပါလိမ့်မယ်။
တကယ်တော့ အဲ့ဒီနာကျင်မှု့ဟာ နှလုံးထဲမှာရှိတဲ့ သွေးကြောမျှင်လေးတွေဟာ သွေးထောက်ပံ့မှု့ကိုမရရှိတဲ့ အခါမျိုးတွေမှာ သေဆုံးသွားကြတာကြောင့် အခုလို စူးကနဲ အောင့်ရခြင်းဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ ၎င်းနာကျင်မှု့ဟာ ရင်ဘတ်အလယ်နားလောက်နေစတင်ဖြစ်ပေါ်ပြီးတော့ ဘယ်ဘက်လက်မောင်းရဲ့ အောက်ဘက်တစ်လျှောက်နှင့် ကျောဘက်တစ်လျှောက်ကိုရွေ့လျားသွားနိုင်ပါတယ်။၎င်းနာကျင်မှု့ဟာ လည်ပင်း ၊ သွားနဲ့ မေးရိုးတွေအထိပါ ပျံ့နှံ့နာကျင်တက်ပါတယ်။
နာကျင်မှု့ပမာဏဟာ ပြောင်းလဲနိုင်ပါတယ်။သူ့ရဲ့ နာကျင်မှု့ကြာချိန်ကတော့ ငါးမိနစ်ထက်ပိုနိုင်ပြီး အသက်ရှုခြင်းနဲ့ ပတ်သက်လို့တော့ ထိခိုက်မှု့မရှိပါဘူး။
ဒီလိုနာကျင်မှု့မျိုးကို အချိန်တော်တော်ကြာအောင်ခံစားရပြီးတော့ အရမ်းကိုနာကျင်နေပြီဆိုရင်တော့ လူတွေဟာ ကြောက်လန့်တက်ကြပြီး သူတို့ရဲ့ စိတ်တွေဟာ အဲ့ဒီအရာပေါ်မှာဘဲ အာရုံစိုက်မိနေပါတော့တယ်။ပြီးတဲ့အခါမှာတော့ သူတို့ သေတော့မယ်အထင်နဲ့ ကြောက်ရွံ့နေတက်ကြပါတယ်။
ဒီလိုရောဂါအခြေအနေမျိုး ငါးမိနစ်ထက်ပိုပီးခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းကိုသာ အမြန်ဆုံး သွားရောက်ကြပါလို့ အကြံပြုလုပ်လိုက်ပါရစေ။
source : bs
Pyae Phyoe(Buzzy.com.mm)
The Now News Journal
27.4.2017(Thursday)
No comments:
Post a Comment