တစ်မှတ်စီခွဲယူခဲ့ကြတဲ့ မန်ချက်စတာဒါဘီ
မန်စီးတီး ၀-၀ မန်ယူ
ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာဒါဘီမှာတော့ မန်စီးတီးနဲ့မန်ယူတို့ (၁)မှတ်စီ ခွဲယူခဲ့ကြပါတယ်။
မန်စီးတီးအသင်းက အိမ်ကွင်းမှာ အသာစီးကကစားနိုင်ခဲ့သလို ပွဲပြီးခါနီးမှာ တစ်ယောက်အသာရခဲ့ပေမယ့် တိုက်စစ်ပိုင်းက ဂိုးရအောင်မစွမ်းဆောင်နိုင်ခဲ့တာကြောင့် (၁)မှတ်ပဲရခဲ့တာပါ။
မန်စီးတီး အသင်းက အိမ်ကွင်းမှာ အနိုင်ရရှိဖို့ ဦးတည်ကစားပြီး တိုက်စစ်အခွင့်အရေးတွေလည်း ပိုရခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာကို သိပ်အခက်တွေ့အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ မန်စီးတီးအသင်းမှာ ဒေးဗစ်ဆေးလ်ဗား မပါဝင်နိုင်ပေမယ့် အဂွဲရိုး၊ ဆာနေး၊ စတာလင်၊ ဒီဘရိုင်းနားတို့နဲ့ အင်အားတောင့်တင်းခဲ့ပြီး မန်ယူအသင်းကတော့ ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ မစ်ခီတာရီယန်အတွဲနဲ့ ယှဉ်ပြိုင်ကစားခဲ့တာပါ။
မန်ယူတိုက်စစ်မှာ မာစီယဲလ်နဲ့ မစ်ခီတာရီယန်တို့ ခြေစွမ်းသိပ်မပြနိုင်ခဲ့ဘဲ ရပ်ရှ်ဖို့ဒ်ကိုသာ အားပြုခဲ့ရပါတယ်။
မန်စီးတီးအသင်းက အသာစီးယူကစားသွားနိုင်ခဲ့ပြီး ပွဲအစ(၁၀)မိ နစ်ဝန်းကျင်မှာ အဂွဲရိုးရဲ့ အနီးကပ်ကန်ချက် တိုင်ထိထွက်ခဲ့တာကြောင့် မန်ယူအသင်း သက်သာရာရခဲ့ပါတယ်။
ပွဲချိန်ကြာလာတာနဲ့အမျှ မန်စီးတီးအသင်းက တိုက်စစ်၊ မန်ယူအသင်းက ခံစစ်ကစားတဲ့ပုံစံ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ မန်စီးတီးအသင်းက မန်ယူအသင်းရဲ့ ခံစစ်စည်းထဲ ထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘဲ အဝေးကန်ချက်တွေနဲ့ပဲ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။
ဒီကန်ချက်တွေကလည်း ဂိုးပေါက်နဲ့လွဲတာက များခဲ့ပါတယ်။ (၈၄)မိနစ်မှာတော့ မန်ယူကွင်းလယ်လူ ဖယ်လေနီ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ တစ်ယောက်လျော့သွားတဲ့ မန်ယူအသင်းကို ထိုးနှက်နိုင်ဖို့ မန်စီး တီးအသင်းက ဂျေးဆူကို ထည့်သွင်းပြီး တိုက်စစ်ပိုင်းအပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ မန်ယူအသင်းက အမှားအယွင်းမရှိ ထိန်းချုပ်သွားနိုင်ခဲ့တာကြောင့် တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photos: Gettyimages
Credit : Eleven Sports
The Now News Journal
28.4.2017 (Friday)
No comments:
Post a Comment