Header Ads

အမေရိကန်နှင့် ပဋိပက္ခတွင် ၄င်းတို့ဘက် ရပ်တည်ပေးရန် အာဆီယံကို မြောက်ကိုရီးယားအကူအညီတောင်းခံ



အေအက်ဖ်ပီ
အမေရိကန်နှင့်ပဋိပက္ခတွင်၎င်းတို့ဘက်ကထောက်ခံရပ်တည်ပေးရန်မြောက်ကိုရီးယားအစိုးရကအာဆီယံသို့စာပေးဖို့အကူအညီတောင်းထားကြောင်း အေအက်ဖ်ပီသတင်းဌာန၏ဖော်ပြချက်အရ သိရသည်။နျူကလီးယားလူသတ်ပွဲဖြစ်မလာအောင်ဝိုင်းဝန်းကာကွယ်ကြရန်အတွက်လည်းမြောက်ကိုရီးယားက တိုက်တွန်းထားသည်။အမေရိကန်အစိုးရ၏လုပ်ရပ်များကြောင့် ကိုရီးယားကျွန်းဆွယ်သည် စစ်ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်းမြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်-ဟိုက အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ထံပေးပို့သောစာတွင် ရေးသားဖော်ပြထားသည်။ကိုရီးယားကျွန်းဆွယ်ပေါ်မှ အန္တရာယ်အခြေအနေများကို အာဆီယံအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများအား ရှင်းလင်းပြရန်နှင့် မြောက်ကိုရီးယားအရေးနှင့်ပတ်သက်ပြီး သင့်တင့်လျောက်ပတ်သော အဆိုပြုချက်များထုတ်ပြန်ရန်လည်း တိုက်တွန်းထားသလို၊ အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ စစ်ရေးလှုပ်ရှားမှုများကိုလည်း ပြစ်တင်ပြောကြားထားသည်။
ပြီးခဲ့သည့်လပိုင်းများအတွင်း မြောက်ကိုရီးယားက ဒုံးပျံစမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သလို အမေရိကန်ကလည်း ပြင်းထန်စွာပြောဆိုခဲ့မှုများကြောင့် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများမြင့်တက်လာနေသည်။ အေအက်ဖ်ပီသတင်းဌာနကရရှိထားသော မြောက်ကိုရီးယား၏ပေးစာသည် မတ် ၂၃ ရက် ရက်စွဲတပ်ထားပြီး ယခုအပတ်တွင်ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပလျက်ရှိသည့် အာဆီယံနိုင်ငံများအစည်းအဝေးနှင့် အချိန်ကိုက်ပေးပို့ခြင်းလည်းဖြစ်နိုင်သည်။ အာဆီယံ
နိုင်ငံများအစည်းအဝေးတွင် အမေရိကန်--တောင်ကိုရီးယားစစ်ရေးလှုပ်ရှားမှုများအရေးကို ထည့်သွင်းဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးတွင် အာဆီယံအဖွဲ့ကြီးကတက်တက်ကြွကြွ ပါဝင်လိမ့်မည်ဟုမျှော်လင့်ကြောင်းဖြင့် စာထဲတွင်ရေးသားဖော်ပြထားသည်။
အစည်းအဝေးအပြီးထုတ်ပြန်မည့် အာဆီယံဥက္ကဋ္ဌ ကြေညာချက်တွင်လည်း ကိုရီးယားကျွန်းဆွယ်အရေးနေရာတွင် ကွက်လပ်သာချန်ထားသေးကြောင်းတွေ့ရရာ ထိုကိစ္စနှင့်ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များ အသေးစိတ်ဆွေးနွေးလိမ့် ဦး မည်ဟု ယူဆရကြောင်းဖြင့်အေအက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားသည် ကမ္ဘောဒီးယား၊ လာအို စသောအာဆီယံနိုင်ငံများနှင့် နီးကပ်သောဆက်ဆံရေးရှိသည့် နိုင်ငံလည်းဖြစ်သည်။ဖေဖော်ဝါရီလက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ဝမ်းကွဲအစ်ကိုဖြစ်သူ ကင်ဂျုံနမ် မလေးရှားလေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် မလေးရှားနှင့်မြောက်ကိုရီးယားသည် ဆက်ဆံရေးတင်းမာလျက်ရှိနေသည်။
မနီလာ ဧပြီ ၂၇
The Myanmar Times Daily Newspaper - Myanmar Version
The Now News Journal
28.4.2017(Friday)

No comments:

Powered by Blogger.