လှိုင်သာယာတွင် အမျိုးသားတစ်ဦး သေနတ်ကိုင်၍ ရမ်းကားသည့်အတွက် ဖမ်းဆီး
ရန်ကုန် ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်း ခရိုင် လှိုင်သာယာမြို့နယ် (၂)ရပ်ကွက် မဟာဗန္ဓုလလမ်း အမှတ်(၄ဝ)ရှိ နေအိမ် တိုက်ခန်း လေးလွှာတွင် ဧပြီလ ၂၆ရက်နေ့ ည ၈နာရီခန့် က လူတစ်ဦးက သေနတ်ကိုင်ဆောင် သောင်းကျန်းနေကြောင်း သတင်းရရှိ၍ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၆ရက်နေ့ ည ၈နာရီ တွင် လှိုင်သာယာမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ခိုင် သက်နှင့်အတူ ရဲဒုတပ်ကြပ်ထက်ပိုင်ဝင်း၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်း နှိမ်နင်းရေးဌာနမှ ရဲတပ်ကြပ်ကျော်စွာလင်း တို့သည် သက်သေများဖြစ်ကြသော (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးညွန့်ရွှေ၊ ဦးသူရ အောင်တို့နှင့်အတူ (၂)ရပ်ကွက် မဟာ ဗန္ဓုလလမ်း(၄ဝ)ရှိ နေအိမ်တိုက်ခန်းလေး လွှာတွင် မဟာဗန္ဓုလလမ်း(၄ဝ)ရှိ နေအိမ် တိုက်ခန်းလေးလွှာနေမမိုး(ခ)မမိုးမိုးအေး၏ နေအိမ်အခန်းတွင် လူတစ်ဦးသေနတ်ကိုင် ဆောင်သောင်းကျန်းနေကြောင်း သတင်း အရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေ အိမ်အပေါ်ထပ်လေးလွှာတွင် ညီပေါင်း အားတွေ့ရှိရပြီး ညီပေါင်းက ၄င်းကိုင် ဆောင်သောသေနတ်အားသိမ်းဆည်းရန် မမြင့်မြင့်မိုး (ခ) မဝိုင်းထံ ပေးအပ်စဉ် မမြင့်မြင့်မိုး(ခ)မဝိုင်းက နေအိမ်အပေါ်ထပ် မှအောက်ဘက် နောက်ဖေးဘက်သို့လွှင့်ပစ် ခဲ့ကြောင်းသိရှိရသဖြင့် သက်သေများနှင့် အတူရှာဖွေခဲ့ရာ ၉ မမပုံသဏ္ဌာန် ခဲလေ ပစ္စတိုသေနတ်တစ်လက်နှင့် ၄င်းကျည်အိမ် (ကျည်မပါ)တစ်ခုတို့ကို တွေ့ရှိရသဖြင့် သေနတ်ကိုင်ဆောင်သူ ညီပေါင်း သေနတ် သိမ်းဆည်းရန်ပေးအပ်ခြင်းခံရသူ မမြင့် မြင့်မိုး(ခ)မဝိုင်း အိမ်ရှင်ဖြစ်သူ မမိုးမိုးအေး တို့မှ သက်သေများရှေ့တွင်ပေးအပ်သဖြင့် တရားမဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ ခဲလေ ပစ္စတိုသေနတ်ကိုင်ဆောင်ရမ်းကားနေသူ ညီပေါင်း(၄၂နှစ်) အမှတ်မရှိ ဘောလုံး ကွင်းရှေ့ ပန်ဆန်းမြို့နယ် ရွှေတြိဂံနယ်မြေ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တပ်မဟာ(၄၁၂) 'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ မှ တပ်ခွဲမှူးအဆင့်ရှိသူအားဥပဒေအရ အရေး ယူပေးပါရန် ဒုရဲအုပ်ကျော်ခိုင်သက်က တရားလိုပြုလုပ်တိုင်တန်းရာ တရားမဝင် လက်နက်ကိုင်ဆောင်သူ ညီပေါင်းအား လှိုင်သာယာမြို့မရဲစခန်းက (ပ) ၁၄၅၈/ ၂ဝ၁၇ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်လှစ်ပြီး လှိုင်သာယာမြို့မရဲစခန်း စခန်းမှူးဒုရဲမှူးဝင်းနိုင်က စစ်ဆေးဆောင် ရွက်နေကြောင်း သိရသည်။
စွန်ရဲ(လှိုင်သာယာ)
Credit : The Union Daily # thithtoolwin
The Now News Journal
28.4.2017 (Friday)

No comments:
Post a Comment