Header Ads

တာချီလိတ်တွင် ဦးခေါင်းမဲ့ ကလေးတစ်ဦးပါသည့် အမွှာကလေး မွေးဖွား


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ဧပြီလ (၂၆)ရက်နေ့ ညနေ(၃)နာရီခွဲ အချိန်က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အမွှာမွေးဖွားရာ အသက်ရှင်လျက်တစ်ဦးနှင့် ဦးခေါင်းမဲ့ ကလေးတစ်ဦးတို့အား မွေးဖွားကြောင်း သိရသည်။
တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် (၂.၆)ကီလိုရှိ မိန်းကလေးငယ်တစ်ဦးနှင့်အတူ (၄)ကီလိုရှိ ဦးခေါင်းမပါရှိဘဲ ခြေလက်အစုံဖြင့် အသေတစ်ဦး မွေးဖွားခဲ့ကြောင်း သိရသည်။
“ရွာမှာ ဗိုက်နာနေတာ နှစ်ရက်ရှိပြီ။ သားဖွားဆရာမတစ်ယောက်က ကျန်းမာရေး စိုးရိမ်ရတာကြောင့် ဆိုင်ကယ်နဲ့ ခေါ်လာတယ်။ ဆေးရုံရောက်တော့ သားအိမ်က လေးငါးလက်မလောက် ပွင့်နေပြီဆိုတော့ ရိုးရိုး မွေးမလားဆိုပြီး စောင့်ကြည့်သေးတယ်။ ရေမွှာတွေလည်း နောက်လာတာကြောင့် ဆေးရုံရောက်ပြီး တစ်နာရီကျော်လောက်မှာ ခွဲလိုက်တာပါ။ ပထမတစ်ယောက်က ကျန်းကျန်းမာမာနဲ့ မွေးနိုင်ပြီး ဒုတိယတစ်ယောက်က ဗိုက်ထဲမှာ ကန့်လန့်ဖြစ်နေတော့ ခက်ခက်ခဲခဲ ခွဲမွေးလိုက်ရတယ်။ ဒါပေမယ့် အဲဒီ တစ်ယောက်က ဦးခေါင်း မပါဘဲနဲ့ ခြေတွေလက်တွေနဲ့ပဲ မွေးဖွားပြီး ဆုံးသွားတယ်။ မိခင်နဲ့ ပထမ ကလေးကတော့ ကျန်းမာရေးကောင်းပါတယ်”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ သားဖွားမီးယပ်အထူးကု ဆရာဝန် ဒေါက်တာဇင်မူမူကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် မိမိကိုယ်ဝန်ကို နီးစပ်ရာ သားဖွားမီးယပ် ဆေးခန်းသို့ အပ်ရန်နှင့် သားသမီးများသော မိခင်များ အနေဖြင့် သားသမီး(၄)ယောက်အထက် ဆိုလျှင် ဆေးရုံ၌သာ မွေးဖွားသင့်ကြောင်း သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးက အကြံပြုသည်။
သတင်း – ဇောင်းညီ
Credit: Tachileik News Agency
http://www.tachileik.net
The Now News Journal
27.4.2017(Thursday)

No comments:

Powered by Blogger.