စက်ရုပ်ပြည့်တန်ဆာခန်း ဗြိတိန်တွင် မကြာမီ ဖွင့်လှစ်ရန်ပြင်ဆင်
ဖေဖော်ဝါရီလက ဥရောပတွင် ပထမဆုံး စက်ရုပ်ပြည့်တန်ဆာခန်းကို ဘာစီလိုနာမြို့၌ ဖွင့်လှစ်ပြီးသည့်နောက် ဒုတိယမြောက် စက်ရုပ်ပြည့်တန်ဆာခန်းကို ဗြိတိန်နိုင်ငံတွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း Daily Star Online သတင်းတွင် ဖော်ပြထားသည်။
စက်ရုပ်ပြည့်တန်ဆာလုပ်ငန်းကို ဆောင်ရွက်နေသည့် Lumidolls ကုမ္ပဏီက သူတို့ယခု တီထွင် ဖော်ဆောင်ထားသည့် အရုပ်များသည် လူသားအစစ်နှင့်မခြား တူညီလွန်းပြီး၊ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံသူများကို လိုအပ်လျက်ရှိကြောင်း ယင်းသတင်းက ဆိုသည်။
ဘာစီလိုနာမြို့တွင် အခြေစိုက်ထားသည့် Lumidolls ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဗြိတိန်နိုင်ငံသာမက အခြားနိုင်ငံများမှ မည်သည့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်လိုသူကိုမဆို ဆိုင်ခွဲများအဖြစ် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဘာစီလိုနာတွင် စက်ရုပ်ပြည့်တန်ဆာ လုပ်ငန်းအတွက် ဆိုင်ဖွင့်ရန် ပြင်ဆင်စဉ်က ချက်ချင်း ပြည့်သွားသောကြောင့် ဆိုင်ကို ဖွင့်နိုင်သည့်နည်းတူ လန်ဒန်တွင်လည်း မကြာမီ ဖွင့်လှစ်နိုင်ရန် မျှော်လင့်မိကြောင်း Lumidolls မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စက်ရုပ် ပြည့်တန်ဆာခန်းကို ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် နာမည်ကျော် La Rambla လမ်းအနီးမှ ပြည့်တန်ဆာခန်းများကို မကြာသေးမီက အဖွဲ့အစည်းများက ကန့်ကွက်သောကြောင့် ပိတ်လိုက်ရပြီး၊ ထိုနေရာ တစ်ဝိုက်တွင် Lumidolls ကုမ္ပဏီက ထပ်မံကြိုးစားနေခြင်းဖြစ်သည်။
စက်ရုပ်ပြည့်တန်ဆာခန်းအတွက် တစ်နာရီ အပြုစုခံယူမှုကို စတာလင် ၆၇ ပေါင် (၈၆ ဒေါ်လာခန့်) ပေးရမည်ဖြစ်ပြီး၊ ဖောက်သည်များအနေနှင့် စက်ရုပ်အမျိုးသမီး လေးမျိုးကို ရွေးချယ်ခွင့်ရှိမည်ဖြစ်သည်။
စက်ရုပ်ပြည့်တန်ဆာမလေးများသည် သာမိုပလတ်စတစ် အီလက်တိုမာသားများဖြင့် ပြုလုပ်ထားသောကြောင့် နူးညံ့ပျော့ပျောင်းသည့် အထိအတွေ့များကို ပေးနိုင်ရုံမက အရုပ်လေးမျိုးသည်၊ စတိုင်လ်လေးမျိုး၊ အမူအရာ လေးမျိုး မတူညီသည့် ဆွဲဆောင်မှုများဖြင့် ဖန်တီးထားကြောင်း Lumidolls က ပြောကြားသည်။
ယင်းကုမ္ပဏီသည် စက်ရုပ်မလေးများကို တစ်ဦးချင်း ဝယ်ယူလိုသူများ အတွက်ပါ ရောင်းချပေးလျက်ရှိပြီး တစ်ရုပ်တန်ကြေးမှာ ၅၆၀၅ ဒေါ်လာခန့် ရှိမည်ဖြစ်သည်။
ပို့စ်မောက်တက္ကသိုလ်မှ စက်ရုပ်ကျွမ်းကျင် ပညာရှင် ထရူဒီဘာဘာက လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုအတွက် စက်ရုပ်များကို အသုံးချလာခြင်းသည် မဆန်းကြောင်း၊ နည်းပညာ တိုးတက်မှုကို အခွင့်ကောင်းယူပြီး လူသားနေရာတွင် အစားထိုးနိုင်မည်ကို ကြိုဆိုကြောင်း ပြောကြားသည်။
Credit: The Voice Myanmar
The Now News Journal
27.4.2017 (Thursday)
No comments:
Post a Comment