Header Ads

အိန္ဒိယနိုင်ငံ၌ လေ့ကျင့်ရေး လေယာဉ်တစ်စင်း ပျက်ကျ လေယာဉ်မောင်းနှစ်ဦးသေဆုံး .


နယူးဒေလီ ၂၇-၄-၂၀၁၇
.
အိန္ဒိယနိုင်ငံ၌ လေ့ကျင့်ရေးလေယာဉ် တစ်စင်း မြစ်အတွင်းသို့ ထိုးကျမှုဖြစ်ပွားရာ လေယာဉ်မောင်း နှစ်ဦးသေဆုံးကြောင်း ဧပြီ ၂၆ ရက်တွင် တာဝန်ရှိသူများက ပြောသည်။
.
အဆိုပါလေယာဉ်သည် လေ့ကျင့်ပျံသန်းမှု ပြုလုပ်နေစဉ်အတွင်း မဟာရက်ရှ်ထရာ ပြည်နယ် ဂွန်ဒီရာခရိုင်ရှိ ဝေဂင်္ဂါမြစ်အတွင်းသို့ ပျက်ကျသွားခြင်း ဖြစ်သည်။
.
လေယာဉ်ပျက်ကျ မှုအတွင်း ၎င်းလေယာဉ်ပေါ်၌ လိုက်ပါလာသည့် အကြီးတန်းနည်းပြ ရာဂျန်ဂွပ်တာနှင့် သင်တန်းသား ရှီဗန်နီတို့ သေဆုံးခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ လေကြောင်းအရာရှိ တစ်ဦးက ပြောသည်။
.
အဆိုပါ အကြီးတန်းနည်းပြ ဂွပ်တာသည် ၎င်း၏သင်တန်းသားများ နှင့်အတူ တစ်ကိုယ်တော် လေ့ကျင့်ပျံသန်းမှု လုပ်ဆောင်နေစဉ် ယင်းလေယာဉ် စတင်ထွက်ခွာသည့် အမျိုးသား လေယာဉ်ပျံသန်းမှု လေ့ကျင့်ရေးသင်တန်းကျောင်းမှ ၃၄ ကီလိုမီတာ နီးပါးအကွာရှိ မြစ်အတွင်းသို့ ထိုးကျသွားခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။
.
ထို့နောက် မတော်တဆ ဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ်နှင့် မီးသတ်တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် ပျက်ကျသွားသည့် လေယာဉ် အပျက်အစီးများကို ၎င်းမြစ်အတွင်းမှ ပြန်လည်ဆယ်ယူရန် ကြိုးပမ်းကြကြောင်း စုံစမ်းစစ်ဆေးရေးမှူး ဂျီဂျာနာဒန်က သတင်းဌာနတစ်ခုသို့ ပြောသည်။
.
ထို့ပြင် အဆိုပါ လေယာဉ်ပျက်ကျမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ် ဆောင်ရန် တာဝန်ရှိသူများကို အရပ်ဘက် လေကြောင်းအဖွဲ့အစည်းမှ ညွှန်ကြားရေး မှူးချုပ်က အမိန့်ပေးထားကြောင်း သိရသည်။
.
.
 Credit PyiChitThar

The Nown News Journal
27.4.2017 (Thursday)

No comments:

Powered by Blogger.