Header Ads

ဂြိုဟ်၏ အဓိပ္ပာယ်နှင့် စံချိန်စံညွှန်း များကို ပြင်ဆင်သတ်မှတ် လိုက်ပါက မိမိတို့၏ နေစကြ ဝဠာတွင် ဂြိုဟ်ပေါင်း ၁ဝဝ ကျော်အထိ ရှိလာနိုင်


အမျိုးအစား ခွဲခြားခြင်း စနစ်အသစ်ကို အတည်ပြုလိုက်ပါက မိမိတို့၏ နေစကြဝဠာတွင် ဂြိုဟ်ပေါင်း ၁ဝဝ ကျော်အထိ ပါဝင်လာနိုင်သည်။ နိုင်ငံတကာ နက္ခတ္တဗေဒ သမဂ္ဂ (IAU) က ၂ဝဝ၆ ခုနှစ်တွင် ဂြိုဟ်တစ်လုံး၏ အဓိပ္ပာယ် သတ်မှတ်ချက်ကို ပြောင်းလဲလိုက်ပြီး ယင်းသို့ ပြောင်းလဲမှုကြောင့် ယခင်က နေစကြဝဠာတွင် အသေးဆုံး ဂြိုဟ်ဖြစ်သည့် ပလူတို ဂြိုဟ်မှာ ကိုင်ပါခါးပတ်ကွင်း အတွင်းရှိအရာ ဝတ္ထုဟူသော အဆင့်သို့ လျှော့ချသတ်မှတ် ခံလိုက်ရသည်။
ထို့နောက် ပလူတိုထက် အရွယ်အစားအရ တူညီသော သို့မဟုတ် ကြီးမားသော အာကာသ အရာဝတ္ထုများကို ပလူတို၏ ပတ်ဝန်းကျင်တွင် ရှာဖွေတွေ့ရှိ ထားသည်။ ထို့ပြင် ပလူတိုထက် အရွယ်အစား ကြီးမားသော အဲရစ်ကိုရှာ ဖွေတွေ့ရှိမှုသည် ဂြိုဟ်ဟူသော အဓိပ္ပာယ် သတ်မှတ်ချက်ကို ပြင်ဆင်သတ်မှတ်ရန် အထောက်အပံ့ဖြစ်စေသည်။ IAU က ၂ဝဝ၆ ခုနှစ်တွင် ပြင်ဆင် သတ်မှတ်လိုက်သည့် ဂြိုဟ်ဟူသော အဓိပ္ပာယ် သတ်မှတ်ချက်မှာ ''အာကာသ အတွင်းရှိ အရာဝတ္ထု တစ်ခုသည် (က) နေကိုလှည့်ပတ် နေရမည်။ (ခ) ရေဓာတ် တည်ရှိမှု မျှခြေကို ထိန်းသိမ်းထားနိုင်စေရန် တင်းကျပ်သော အရာဝတ္ထု၏ အင်အားကို ကျော်လွှားနိုင်ပြီး ကိုယ်ပိုင်ဆွဲငင် အားဖြစ်ပေါ်ရန် လုံလောက်သော ထုထည် ပမာဏ ရှိရမည်။ (ဂ) ၎င်း၏ပတ်လမ်း တစ်လျှောက်တွင် ရှင်းလင်းသော ပတ်ဝန်းကျင် ရှိရမည်''ဖြစ်သည်။

ပလူတိုတွင်မူ ၎င်း၏ ပတ်လမ်းကို အသုံးပြုနေသည့် အခြားသော အရာဝတ္ထု များလည်း ရှိနေသည့်အတွက် အဆိုပါ ဂြိုဟ်သတ်မှတ်ချက်နှင့် မကိုက်ညီသောကြောင့် နေစကြဝဠာ၏ အသေးဆုံး ဂြိုဟ်စာရင်းမှ ထုတ်ပယ် ခံလိုက်ရခြင်း ဖြစ်သည်။ ယခုအခါ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့သည် ဂြိုဟ်ဟူသော သတ်မှတ်ချက်ကို ပြန်လည်ပြင်ဆင် သတ်မှတ်ရန် အဆို တင်သွင်းထားပြီး ၎င်းတို့၏ သတ်မှတ်ချက်မှာ အဆိုပါ အာကာသ အရာဝတ္ထု၏ ပုံသဏ္ဌာန်နှင့် ပြုမူလုပ်ဆောင် ပုံတို့အပေါ် ဆုံးဖြတ်မည်ဖြစ်ပြီး ယင်းအရာ ဝတ္ထု၏ တည်နေရာ သို့မဟုတ် ပတ်လမ်းကို မျှဝေအသုံးပြုမှု ရှိ၊ မရှိကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။

ယခင်အတိုင်းသာ သတ်မှတ်မည် ဆိုပါက ဂျူပီတာ ဂြိုဟ်သည်ပင် ဂြိုဟ်အဖြစ် အသိအမှတ် ပြုခံရမည် မဟုတ်ပေ။ အကြောင်းရင်းမှာ ယင်းဂြိုဟ်၏ ပတ်လမ်း တစ်လျှောက်တွင် အခြားသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများ သွားလာနေသောကြောင့် ဖြစ်သည်ဟု ယင်းသိပ္ပံပညာရှင် များအဖွဲ့၏ အဆိုအရ သိရသည်။ အဆိုပါ အဖွဲ့က တင်ပြထားသော ဂြိုဟ်ဟူသည့် အဓိပ္ပာယ် သတ်မှတ်ချက်မှာ ကြယ်တစ်စင်း၏ အရွယ်အစား ပမာဏထက် ထက်ဝက်ခန့် ရှိရမည်၊ အဏုမြူ ပေါင်းစပ်မှု မည်သည့်အခါမျှ မတွေ့ကြုံဖူးခြင်း ဖြစ်ရမည်၊ လုံးဝန်းသော ပုံသဏ္ဌာန်ကို ထိန်းထားနိုင်ရန်အတွက် လုံလောက်သော ဆွဲငင်အားရှိရမည် အစရှိသည်တို့ ဖြစ်သည်။

အကယ်၍ ယင်းအဆိုပြုချက်ကို လက်ခံလိုက်ပါက ဂျူပီတာ၏ ဂြိုဟ်ရံ လယူရိုပါနှင့် ကမ္ဘာ၏ ဂြိုဟ်ရံလတို့သည်လည်း ဂြိုဟ်များအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည့်အပြင် နေစကြဝဠာတွင် ဂြိုဟ်ပေါင်း ၁၁ဝ ခန့်ရှိလာ မည်ဖြစ်သည်။


Source : မြဝတီ နည်းပညာ

No comments:

Powered by Blogger.