Header Ads

ဘိုထိုင် အိမ်သာ ကိုရေဆွဲချသည့်အခါ အဖုံးပိတ်ထားသင့်

တကယ်လည်း အဲဒီ အိမ်သာအခံခွက်ပေါ်မှာ ဘယ်လိုဗက်တီးရီးယားတွေ၊ ပိုးမွှားတွေ ရှိနေနိုင်မလဲဆိုတာ ဘယ်သူမှ မသိကြ သလို တကယ်ကောရှိပြီး တကယ်ကော လူကိုအန္တရာယ်ပြုနိုင်လို့ လားဆိုတာကိုလည်း သေချာမသိကြ ပါဘူး။ သေချာတာက အိမ်သာအခံခွက်ပေါ် တစ်ရှူးစက္ကူခင်းလိုက်ရုံနဲ့  ပိုးမွှားတွေ မကူးစက်အောင် ကာ ကွယ်ရာမရောက်သလို အိမ်သာအခံခွက်ပေါ်ကနေလည်း ဗက်တီးရီးယား ကူးစက် ခံရနိုင်ဖို့  အလားအလာ အလွန်နည်းပါတယ်။ ဒါပေမယ့် တစ်ရှူးစက္ကူတွေကနေတော့ ဗက်တီးရီးယား ကူးစက်နိုင်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ဗက်တီးရီးယားပိုးမွှားများသည် အလွန်သေးငယ်ကြောင်း ၊ ၄င်းတို့ အတွက် တစ်ရှူးစက္ကူများရှိ လူမမြင်နိုင် သည့်အပေါက်ငယ်လေးများမှာ ဧရာမအပေါက်ကြီးများဖြစ်ကြောင်း၊ ထို့ ကြောင့် တစ်ရှူးတထွေးကြီးခင်းပြီး ထိုင်သောငြား ဗက်တီးရီးယား ကူးစက်ရန်ရှိလျင် ကူးစက်မည်ပင်ဖြစ်ကြောင်း၊ သို့ သော် အမှန်တစ်ကယ် တွင် အိမ်သာ အခံခွက်မှ ဗက်တီးရီးယားများက လူထံကူးစက်နိုင်ခြေမှာ အစကတည်းက မရှိကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။
တကယ်တမ်းမှာ ဗက်တီးရီးယားတွေက ကိစ္စပြီးလို့ ရေဆွဲချလိုက်တဲ့အချိန်မှာ အများဆုံးပျံ့ ပါတယ်။ အဲဒီ ရေဆွဲချလိုက်တဲ့အရှိန်ကြောင့် မစင်အမှုန်အမွှားလေးတွေက လေထဲမှာပျံ့ သွားပါတယ်။ အဲဒီကနေ မစင် အမှုန်လေးတွေက လူရဲ့ ကိုယ်ပေါ်မှာ၊ လက်တွေမှာ၊ မျက်နှာတွေပေါ်မှာ လွှင့်စင်ကပ်ငြိသွားတဲ့အပြင် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် အစရှိတာတွေထဲကိုလည်း ၀င်သွားပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။ ထို့ ကြောင့် ဘိုထိုင်အိမ်သာအသုံးပြုသူများအနေဖြင့် အိမ်သာအခံခွက်ကို မသတီပဲ စိတ်သန့် အောင်ဟု ဆိုတာ တစ်ရှူးများအထွေးလိုက်ခင်းကာအသုံးပြုခြင်းသည် မည်သည့်အကာအကွယ်မှမပေးနိုင်ကြောင်း၊ ကိစ္စပြီး၍ ရေဆွဲချသောအခါ အိမ်သာအခံခွက်ကို အဖုံးပိတ်ပြီးမှ ရေဆွဲချခြင်းဖြင့်သာ ဗက်တီးရီးယား ကူး စက်ခံရမှုကို များစွာကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Credit:ရတနာပုံ သတင်းစာ

No comments:

Powered by Blogger.