Header Ads

ထောင် ဝင်စာလာရောက်တွေ့ဆုံသူအမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံအကျဉ်းထောင်တွင် မတ် ၂၉ ရက်နေ့က ချဲထီလောင်းကစားမှုဖြင့် ထောင်ကျနေသူဆီ လာရောက်တွေ့ဆုံသည့် အမျိုးသမီးတစ်ဦးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
“ကောင်မလေးက ချဲမှုနဲ့ထောင်ကျနေတဲ့ သူ့အသိဆီကို ဧည့်တွေ့လာတွေ့တာ၊ သတင်းကရထားတော့ သူကိုင် လာတဲ့ ဆွဲခြင်းကို မသင်္ကာလို့ရှာဖွေတဲ့အခါ သွားတိုက်ဆေးဘူးထဲက ဆေးသားတွေအတွင်းမှာ အအေးစုပ်တဲ့ ပိုက်နဲ့ (၁၀)လုံး တစ်တွဲထည့်ထားတာတွေ့လို့ ဖမ်းဆီးထားတယ်။”ဟု သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သန်းဇော်ကပြောသည်။
ဖြစ်စဉ်တွင် အကျဉ်းထောင်သို့ မူးယစ်ဆေးဝါးသွင်းမည်ဟုသတင်းအရ သထုံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေ စဉ် သထုံအကျဉ်းထောင်မှ ထောင်ကျတရားခံ သထ/၁၆/၀၀၄၉၃/က၊ ဂျော်နီရှိန်(၅၁)နှစ်ထံ လာ ရောက်တွေ့ဆုံသည့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်နေ မဇင်မာဝင်း(၂၄)နှစ်ကိုင်ဆောင်ထားသည့် ပလပ်စတစ်ဆွဲခြင်းအား စစ်ေ ဆးခဲ့သည်။
၎င်း၏ ဆွဲခြင်းအတွင်းသွားတိုက်ဆေးဘူး၊ သွားတိုက်ဆေးများအတွင်း အဖြူရောင်အအေးပိုက်ဖြင့်ထည့်ထား သော WY ဆေးပြား (၅၀)ပြား၊ ကာလတန်ဖိုးကျပ်(၂)သိန်းခန့်အားတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသယ်ဆောင်လာသူ မဇင်မာဝင်းအား သထုံမြို့မရဲစခန်းမှ မယ (ပ) ၂ /၂၀၁၇၊ မူးစိတ်ပြောင်းပုဒ်မ ၁၅ /၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည။

#ZMT
Credit: အောင်မြင့်ထွန်း(မြစ်မခ)

No comments:

Powered by Blogger.