Header Ads

“မူးယစ်စေတတ်တဲ့ အရာတစ်မျိုးတိုက်ပြီး လုပ်ကြံတာပါ.. အန်တီကို အန်တီသားက အိပ်မက်ပေးတယ်..” ဒေါ်ယုယုမော် (မော်လ်ဒယ်ကောင်းမြတ်ဟိန်း မိခင်)



August Myanmar Media Group မှ စီစဉ်ကျင်းပသည့် Mister and Miss University Myanmar ပြိုင်ပွဲဝင် မော်လ်ဒယ်ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်း သေဆုံးမှုနှင့်ပတ်သက်ပြီး သေဆုံးသူအား မူးယစ်စေတတ်သော အရည်တစ်မျိုးမျိုးတိုက်ပြီး ရေနစ်သတ်ခံရခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း မိခင်ဖြစ်သူ ဒေါ်ယုယုမော်က ပြောသည်။

“အန်တီသားလေးလုပ်ကြံခံရပြီး အသတ်ခံရတာကို လုံးဝယုံကြည်တယ်။ ရေနစ်ပြီးသေရအောင်လည်း အန်တီသားလေးက ရေကူးတတ်ပါတယ်။ ပြီးတော့သားရဲ့ အလောင်းကိုသွားကြည့်တဲ့အခါ ဆံပင်တွေက ဂျယ်နဲ့ထောင်ထားသလိုထောင်နေတယ်။ အဲဒါက အန်တီသားရေချိုးပြီး ဖီးလိမ်းပြင်ဆင်ထားတာလို့ ထင်တယ်။

ပြီးတော့ နာခေါင်းပေါက်နှစ်ဖက်ကလည်း သွေးထွက်နေတာကိုတွေ့ရတယ်။ ပုခုံးနှစ်ဖက်မှာလည်း လက်နဲ့ဆုပ်ကိုင်ပြီး တွန်းထားသလိုညိုနေတာကိုလည်း တွေ့ခဲ့ရတယ်။ သားအလတ်က သားငယ်လေးရဲ့ပစ္စည်းတွေ သွားပြန်ယူလာတဲ့အခါမှာ အပြာရောင်နဲ့ အဖြူစင်းပါတဲ့ ဘောင်းဘီလည်းမတွေ့ရဘူး ပြီးတော့ Body Fit အင်္ကျီအဖြူလည်းမတွေ့ရဘူး၊ ၀တ်စုံတစ်စုံလည်းမတွေ့ရဘူး အဲဒါတွေ့ အန်တီကိုယ်တိုင်ဝယ်ထားပေးလို့ သိရတာပါ။ လုပ်ကြံတဲ့သူတွေက ဖျောက်ဖျက်လိုက်တယ်လို့ထင်တယ်။ ၂၄ ရက်နေ့က August Myanmar Media ရဲ့ ကိုယ်ပိုင်အင်တာနက်စာမျက်နှာမှာတင်ထားတာက သားလေးကရေကန်ထဲကိုဆင်းတဲ့ ဘောင်းဘီနဲ့ အခုသေနေတဲ့ဘောင်းဘီနဲ့ အတူတူပဲတဲ့။ အဲဒါလုံးဝမဖြစ်နိုင်ပါဘူး။

ရဲမှူးဦးသာထွန်းပြောချက်အရ သားလေးရဲ့ ခန္ဓာကိုယ်ထဲမှာ မူးယစ်စေတတ်တဲ့အရာကို တွေ့ရတယ်လို့လည်းပြောတယ်”ဟု မိခင်ဖြစ်သူက ပြောသည်။
ဆရာဝန်ရဲ့ ဆေးစစ်ချက်အရ ပွန်းပဲ့ဒဏ်ရာများတွေ့ရှိရပြီး ၀ိညာဉ်ကိုခေါ်ယူ၍ ၀ိညာဉ်ဆရာလေးဦးဖြင့် မေးမြန်းရာတွင်လည်း တူညီသောအဖြေတစ်ခုကိုသာ ရရှိခဲ့ကြောင်း ပြောသည်။
“အန်တီတို့တစ်နေ့တည်းပဲ ဆရာလေးဦးဆီကို သွားတယ်၊ တစ်ဦးဆီပေါ့... လေးဦးလုံးကလည်း မူးယစ်စေတတ်တဲ့အရာတိုက်ပြီး ရေနစ်ကာလုပ်ကြံသတ်တယ်လို့ပဲ ထွက်ဆိုတယ်..

ဆရာဝန်ရဲ့စစ်ဆေးချက်အရ သားလေးကိုဝိုင်းချုပ်ပြီး မူးယစ်စေတတ်တဲ့အရာ တိုက်ပြီး ရေထဲကို နှစ်သတ်တယ်လို့ ယုံကြည်တယ်... သားလေးက အန်တီကို အိပ်မက်ပေးတယ်။ အဲဒီအိပ်မက်ထဲမှာသတ်တဲ့သူနာမည်ကိုလည်း ပြောပြတယ်။ သူ့ကိုလည်း အန်တီသိတယ်။ သတ်တာတော့တစ်ယောက်တော့မဖြစ်နိုင်ဘူး တစ်ယောက်ထက်ပိုတယ်။ အဲဒီ့သတ်တဲ့လူကို သိပေမယ့် အန်တီမပြောပါဘူး။ သက်ဆိုင်ရာကလည်း မကြာခင်ဖော်ထုတ်ဖို့ သဲလွန်စအခိုင်အမာရနေပြီး ကျောင်းသားတွေလည်းဖြစ်တဲ့အတွက် ကြန့်ကြာနေတယ်လို့ ထင်ပါတယ်။ လူသတ်တရားခံကို အန်တီတပ်အပ်မပြောချင်ပေမယ့် ပြိုင်ပွဲမှာ Top-5 ၀င်တဲ့သူတွေထဲကပါ သူလည်းပထမဆုလိုချင်လို့ အန်တီ့သားက ရနိုင်ချေများတယ်လို့ ထင်ကြေးပေးနေတော့ ရမှာစိုးလို့လုပ်ကြံလိုက်တာပါ... မကြာခင်မှာ အမှုမှန်ပေါ်မှာပါ...”ဟု ပြောခဲ့သည်။

ရန်ပိုင်စိုး၊ သော်တာ

Credit > Oasis

The Mirror Daily

No comments:

Powered by Blogger.