Header Ads

မော်ဒယ်ဖြစ်ချင်၍ ပြည့်တန်ဆာလုပ်စဉ်က ရခဲ့သည့် ကိုယ်ဝန်ကို ဖျက်ချခဲ့မှုကြောင့် ဝေဖန်ခံနေရသူ မိန်းကလေး


အသက်(၂၃) နှစ် အရွယ်ရှိတဲ့ ဗြိတိန် နိုင်ငံ သူ ဂျိုဆီကန် နင်ဟမ် ဟာ မော်ဒယ် ဘ၀ ကို ရောက်ရှိ လို တာ မို့ လက်ရှိ ဆောင်ထားတဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ စီစဉ် ခဲ့တာကြောင့် ဝေဖန် မှုတွေနဲ့ ရင်ဆိုင် နေရ တယ်လို့ သိရ ပါတယ်။ ကန်နင်ဟမ် ရဲ့ ကိုယ်ဝန်ဟာ (၁၈) ပတ်ရှိ သွား ခဲ့ပြီဖြစ် ပါတယ်။ ဗြိတိန် နိုင်ငံမှာ ကိုယ်ဝန်(၂၄) ပတ် အထိ တရားဝင် ဖျက်ချ ခွင့် ရှိပါတယ်။ ကန်နင်ဟမ်ဟာ မော်ဒယ်ဘ၀ကို မကူးပြောင်း မီမှာ ပြည့်တန်ဆာ အဖြစ်နဲ့ အသက်မွေး ၀မ်း ကျောင်းပြုလုပ်ခဲ့ဖူးပါတယ်။ ကန်နင်ဟမ်ရဲ့ ကိုယ်ဝန်ဟာလည်း ဘယ်သူနဲ့ ရထားမှန်း မသိပါဘူး။ သူ့ဆီလာ နေတဲ့ ဘောလုံးသမား တစ်ဦး (သို့မဟုတ်) ဖောက်သည် တစ်ဦး ဆီ ကနေ ရရှိလာတဲ့ ကိုယ်ဝန်လို့ ယူဆရပါ တယ်။ ကန်နင်ဟမ်ဟာ ကိုယ်ဝန်ဆောင်ပြီး တဲ့ နောက်ပိုင်းမှာ ဗြိတိန်ရဲ့ ရုပ်သံအစီအစဉ် တစ်ခု ဖြစ်တဲ့ Big Brother မှာ ပါဝင်သရုပ် ဆောင်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ ဒီအစီ အစဉ် မှာ ပါဝင်နိုင်ဖို့ အတွက် ကန်နင်ဟမ်ဟာ သူဆောင်ထားတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။ ကန်နင်ဟမ်က သူ့အနေ နဲ့ ကျော်ကြားတဲ့ဘ၀ကို ရောက်လို တာမို့ ဒီလို ဆုံးဖြတ် လိုက်ရခြင်း ဖြစ်တယ် လို့ ပြောကြား သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျော်ကြားလိုစိတ် တစ်ခုတည်းကိုတွေးတောပြီး ကိုယ်ဝန်ကို အလွယ် တကူ ဖျက်ချခဲ့တဲ့ ကန်နင်ဟမ်ရဲ့ လုပ် ရပ်ကို အားလုံးက ၀ိုင်းဝန်းဝေဖန်ခဲ့ကြပါ တယ်။
The Messenger
Credit to http://www.ygnnews.com/2014/04/blog-post_5866.html

No comments:

Powered by Blogger.