Header Ads

မင်္ဂလာတောင်ညွန့်ပဋိပက္ခဖြစ်စဉ်တွင်ပါဝင်သူ နှစ်ဦး ထပ်မံဖမ်းဆီးရမိ



မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းပဋိပက္ခဖြစ်စဉ်တွင်ပါဝင်သူ ၇ ဦးအနက်မှ တင်လင်းထိုက်(ခ)လင်းလင်းနှင့် တင်ဌေးအောင်(ခ)အကြီးကောင်တို့နှစ်ဦးအား မေ ၁၅ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရသည်။
မေ ၉ ရက်နေ့ညကဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် ကိုလတ်(ခ)တင်ထွဋ်ဇော်နှင့် မအောင်အောင်မြင့်တို့ကို မေ ၁၁ ရက်ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ငါးဦးလွတ်မြောက်နေရာမှ ယခုနှစ်ဦးကို ထပ်မံဖမ်းမိခဲ့ခြင်းဖြစ်သည်။
“သူတို့ကို အခု တရားရုံးမှာရမန်ယူတယ်။ ပြီးတော့ အင်းစိန်ထောင်ကို ပို့တယ်။ ရုံးချိန်းကို ၂၂ ရက်နေ့ ပြန်ချိန်းထားတယ်”ဟု အဆိုပါမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
တင်လင်းထိုက်(ခ)လင်းလင်းနှင့် တင်ဌေးအောင်(ခ)အကြီးကောင်တို့နှစ်ဦးသည် ရဲစခန်းတွင်လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်ချေ။
ဆရာတော် ဦးသုစိတ္တ၊ ဦးပညာဝံသ၊ ကိုလတ်(ခ)တင်ထွဋ်ဇော်၊ မအောင်အောင်မြင့်၊ တင်လင်းထိုက်၊ တင်ဌေးအောင်နှင့် မြတ်ဘုန်းမိုရ်တို့ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ဂ)/၃၄ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
နောင်နောင်
ဓာတ်ပုံ-ဗစ်တာ
Credit : News Watch
The Now News Journal
16.5.2017(Tuesday)

No comments:

Powered by Blogger.