Header Ads

ရွှေဘုံသာလမ်း ဘိန်းစားတန်းကို ကမ်းနားလမ်း ည​ဈေးတန်းသို့ ​ရွှေ့မည်



ရန်​ကုန်​တိုင်း​ဒေသကြီး ပန်းဘဲတန်းမြို့နယ်​ ​ရွှေဘုံသာလမ်း (အထက်​ဘ​လောက်​ရှိ ) အရပ်​အ​ခေါ် ဘိန်းစားတန်း​ဈေး (သူခိုး​ဈေး)အား ကမ်းနားည​ဈေးတန်း သို့ ​ပြောင်း​ရွေ့ ​တော့မည်​ဖြစ်​​ကြောင်း သတင်းရသည်​။
လမ်း​ဘေး​ဈေးသည်​များ စနစ်​တကျ ကြပ်မတ်​ကိုင်​တွယ်​နိုင်​ရေးအတွက်​ စည်​ပင်​​ကော်​မတီဝင်​ ၅၊ စီမံ​ရေးရာဌာန၊ ​ဈေးများဌာနမှ တာဝန်​ရှိသူများ၊ လွှတ်​​တော်​ကိုယ်​စားလှယ်​များ ယ​နေ့ ​(မေ ၁၆ ရက်​​နေ့)တွင်​ ​တွေ့ဆုံး​ဆွေးခဲ့ပြီး ယင်းသို့ ဆုံးဖြတ်​ခဲ့ခြင်းဖြစ်​​ကြောင်း ပန်းဘဲတန်းမြို့နယ်​ မဲဆန္ဒနယ်​အမှတ်​ (၁) လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးသန်းနိုင်​ဦးက News Watch သို့​ ပြောသည်​။
"အဓိကက​တော့ လမ်း​ပေါ်​ဈေး​ရောင်း​နေ​တော့ ကားလမ်း​တွေ ပိတ်​​နေတာရယ်​၊
လမ်းသွားတဲ့သူ​တွေ အခက်​အခဲ ဖြစ်​​နေတာရယ်​ ​ဖြေရှင်းဖို့အတွက်​ အဲဒီက​ဈေးသည်​​တွေကို ကမ်းနားလမ်းကို​ရွေ့မှာ။ ဒီလထဲက စပြီး စီစဉ်​​ဆောင်​ရွက်​မှာ။ ဇွန်​လဆန်းမှာ အပြီး​ပြောင်း​ရွှေ့ဖို့ ​ဆောင်​ရွက်​ သွားမယ်​'ဟု ၄င်းက ​ပြောသည်​။
အဆိုပါနေရာရှိ ​ဈေးသည်​များအား မူလစာရင်း​ကောက်​ယူထားချက်​အရ ​ဈေးသည်​​ပေါင်း ၂၀၀ ကျော်​ရှိ​နေပြီး ကောက်​ယူထားစာရင်းများကို ပြန်​လည်​စိစစ်​ကာ ယာယီ ​ဈေး​ရောင်းချခွင့်​ ကတ်​ပြားထုတ်​​ပေးမည်ဖြစ်ကြောင်း၊ ပြောင်းရွှေ့နေရာချထားပေးမည့် ကမ်းနားလမ်းတွင်​ စည်​ပင်​မှ အကွက်​​ဖော်​ထားသည့်​ ဆိုင်​ခန်း​ပေါင်း ၃၀၀​ကျော်​ရှိ​နေ​ကြောင်း ဦးသန်းနိုင်​ဦးက​ပြောသည်​။
ရွှေဘုံသာလမ်း (အထက်​ဘ​လောက်​) ရှိ ဘိန်းစားတန်းတွင် အီလက်​ထ​ရောနစ်​ပစ္စည်း၊ လူအသုံးအ​ဆောင်​ပစ္စည်း တပတ်နွမ်းများကို အများအားဖြင့် ရောင်းချ​သည်။
လင်းလင်း​အောင်
Credit : News Watch 

The Now News Journal
17.5.2017 (Wednesday)

No comments:

Powered by Blogger.