Header Ads

ရေယာဉ် နီးပါးရှိတဲ့ အမည်မသိ ပင်လယ်သတ္တဝါကြီးတစ်ကောင် အင်ဒိုနီးရှား ကမ်းခြေပေါ်သို့ရောက်လာ


အင်ဒိုနီးရှား အစွန်အဖျားကမ်းခြေပေါ်မှာ ပင်လယ်သတ္တ၀ါကြီးတစ်ကောင်လာတင်နေပါတယ်။အင်ဒိုနီးရှား Hulung ကမ်းခြေမှာ ဒေသခံငါးဖမ်းသမားတွေက ထိုအကောင်ကြီးကိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းကတော့ Asrul Tuanakota က ရေယာဉ်တစ်ခုကမ်းခြေပေါ်ဆိုက်လာတယ်ထင်တာတဲ့..နောက်သေချာကြည့်တော့မှ တကယ်ကိုကြီးမားတဲ့ ပင်လယ်သတ္တဝါတစ်ကောင်ဖြစ်နေတယ်။
ထိုကဲ့သို့ အကောင်ကြီးကို ဖိလစ်ပိုင်ကမ်းခြေတစ်ခုမှာလည်း တစ်ခါတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်က အကောင်ကြီးဟာ ၁၅ပေရှိပြီး ဒီကောင်ကြီးကတော့ ပေ၅၀ရှိတယ်လို့သိရပါတယ်။ ဘယ်လိုလုပ်ပြီး ကမ်းခြေပေါ်ကို သူ့အလိုလိုလာပြီးသေဆုံးနေရတာလဲလို့ ဒေသခံတွေက အထူးဆန်းဖြစ်နေကြတာပါ။ အများစုကတော့ ဒါဟာကပ်ဘေးဆိုက်မယ့် လက္ခဏာပဲလို့ ပြောနေကြပါတယ်။
ထိုသတ္တ၀ါကြီးဟာ အံ့သြစရာကောင်းအောင်ကြီးမားပြီိး ရှည်လျားတဲ့အမွှေးတွေလည်းပါတယ်။အနံ့က အလွန်ဆိုးဝါးပါတယ်။အမျိုးအမည်မသိ ထိုသတ္တ၀ါကြီးဟာေ​ဝလငါးအမျိုးစား ဖြစ်နိုင်တယ်လို့ အင်တာနက်သုံးစွဲသူတွေက သတ်မှတ်ကြတယ်။ဘယ်လိုပဲဖြစ်ဖြစ် နားလည်ရခက်တဲ့ထိုသတ္တဝါကြီးနဲ့ပတ်သတ်ပြီး အဖြေထုတ်နေဆဲပါပဲ။ထိုသတ္တဝါမျိုးကို globstersလို့ခေါ်ပါတယ်။ ဖော်ထုတ်မရတဲ့ ဇီဝကလာပ်စည်းတွေနဲ့ ပေါင်းစည်းထားပြီး ပုံပန်းသဏ္ဍာန်ကင်းမဲ့တဲ့အကောင်မျိုးပါ..ဒါပေမယ့် ပင်လယ်သတ္တ၀ါမျိုးပါပဲ။
Credit: Buzzy
The Now News Journal
16.5.2017(Tuesday)

No comments:

Powered by Blogger.