Header Ads

တာဝန်ရှိသူတွေမှာ တာဝန်အပြည့်ရှိပါသည် ။



သာမန်လူတွေအတွက်
၁ သောင်းအလျောက်တန်ဖိုးရှိပါတယ်
အမျိုးတစ်ယောက် ဒီနေ့ ဘဏ်ကို ငွေသွားလွှဲတော့
တစ်သောင်းတန်အတုတစ်ရွက်ပါတယ်ဆိုပြီး 
ဘဏ်ဝန်ထမ်းက ဒီငွေကို ဖျက်ဆီးဖို့ လုပ်ပါတယ် ။
ဒိတော့ ငွေလွှဲမယ့်သူက ဒီငွေကို ဖျက်တာကတော့ဟုတ်ပါပြီ
ပြန်လျော်ပေးမှာလားလို့  မေးတော့ ဘဏ်ဝန်ထမ်းက
မလျော်ပေးပါဘူး ၊တရားမ၀င်ငွေမို့ ဖျက်ဆီးပစ်မှာပါလို့ ပြောပါတယ် ။
ဒီတော့ ငွေလွှဲမယ့်သူက မဖျက်ဆီးနိုင်ပါဘူး ၊
ဒီငွေက အလုပ်အတွက် ငွေရှင်းတုန်းက ပေးလိုက်တာ ၊
သူ့ဆီပဲ ပြန်သွားလဲမယ်လို့ ပြောပြီး ငွေကို ပြန်သိမ်းလိုက်ပါတယ် ။
ဒီတော့ ဘဏ်ဝန်ထမ်းက ငွေလာလွှဲသူရဲ့ မှတ်ပုံတင် လိပ်စာနဲ့ 
ဖုန်းနံပါတ်တွေကို တောင်းပြီး ယူထားလိုက်ပါတယ်တဲ့ ။
အမှန်က ဒီငွေအတုဆိုတာ ငွေလွှဲမယ့်သူလည်းမသိပါဘူး ။
သူကိုယ်တိုင်ကလည်း သူများဆီကတဆင့် ယူလာတာပါ ။
သူများဆိုတဲ့ သူကရော ဒီငွေဟာ သူ့ ကိုယ်ပိုင်လား
အခြားသူများတွေဆီက တဆင့်ပြန်ရလာတာလား မသိပါ ။
သေချာတာက ငွေ ၁ သောင်းဟာ လိုအပ်နေသူ သာမန်လူတွေအတွက်
၁ သောင်းအလျောက်တန်ဖိုးရှိပါတယ် ။
ဒီငွေကို ဖျက်ဆီးခံလိုက်ရလို့ ပြန်လျော်ပေးမယ့်သူမရှိလို့ သာ
ပြန်ယူခဲ့တာပါ ။
ဘယ်သူမှ ငွေအတုကို လက်ထဲ မကိုင်ထားချင်ပါ ။
ဒီလိုမျိုး ငွေအတုတွေ ပြည်သူကြားထဲ
ဘယ်လောက်ပျံ့နှံ့နေပြီလဲ ဆိုတာ မသိပါ ။
အစိုးရနဲ့ တာဝန်ရှိသူတွေကရော ငွေအတုတွေ ခုလိုမျိုးသာမန်လူတွေ လက်ထဲရောက်လာခဲ့ရင် ဘယ်လို ပြန်ပြီး ရှင်းပေးမလဲဆိုတာ ဥပဒေတခုခုထုတ်ထားသင့်ပါတယ် ။
ပြည်သူတွေ ငွေအတုမသုံးချင်ပါ ။
ငွေအတုကြောင့် မိမိငွေအစစ်ကို အဆုံးရှုံး မခံနိုင်ပါ ။.
တာဝန်ရှိသူတွေမှာ တာဝန်အပြည့်ရှိပါသည် ။
(11.5.2017)
#Zaw Zaw
The Now News Journal
16.5.2017 (Tuesday)

No comments:

Powered by Blogger.