Header Ads

မကြာခင် လများအတွင်းမှာ နိုင်ငံတော်သမ္မတရာထူးကို ထမ်းဆောင်ရဖွယ်ရှိကြောင်း သူရဦးရွှေမန်း ပြောကြား


ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ၎င်းအနေနဲ့ မကြာခင်လများအတွင်းမှာ နိုင်ငံတော်သမ္မတရာထူးကို ထမ်းဆောင်ရနိုင်တယ်လို့ ဒိုဟာအခြေစိုက် Qatar Tribune သတင်းဌာကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပတဲ့ (၁၇) ကြိမ်မြောက် ဒိုဟာဖိုရမ်ကို တက်ရောက်နေတဲ့ သူရဦးရွှေမန်းနဲ့ Qatar Tribune သတင်းဌာတို့ သီးသန့် အင်တာဗျူးတစ်ခုမှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
Qatar Tribune သတင်းဌာရဲ့ အရှေ့အာရှရေးရာ တာဝန်ခံ Mr. Louay Qaddoumi မှ သူရဦးရွှေမန်းအား လာမည့် ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ သမ္မတအဖြစ်ရွေးချယ်ခံရန် အစီအစဉ်ရှိမရှိ မေးမြန်းစဉ် သူရဦးရွှေမန်းမှ မိမိအနေဖြင့် နိုင်ငံတော်အတွက် အကောင်းဆုံးလုပ်ပေးရန် အမြဲတမ်း ဆန္ဒရှိနေကြောင်း၊ ၂၀၂၀ တွင်သာမက မကြာခင် လများအတွင်းမှာပင် နိုင်ငံတော်သမ္မတရာထူးကို ထမ်းဆောင်ရမယ့် အစီအစဉ်များ ရှိနေကြာင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်များကို လက်ရှိမြန်မာအစိုးရဘက်မှ ဆောင်ရွက်နေခြင်းအပေါ် အားရကျေနပ်ဖွယ်ရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
သူရဦးရွှေမန်းဟာ ၂၀၁၂ မေလအတွင်း ဥရောပခရီးစဉ်တစ်ခုမှာ မြန်မာနိုင်ငံသမ္မတ ဖြစ်လိုကြောင်း ပထမဆုံးအကြိမ်ပြောဆိုခဲ့ဖူးပြီး လက်ရှိ မြန်မာအစိုးရ ထိပ်တန်းပုဂ္ဂိုလ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အထူးရင်းနီးသူဖြစ်ပါတယ်။ မကြာသေးခင်ရက်များအတွင်းကလည်း တရုတ်နိုင်ငံသို့ အထူးကိုယ်စားလှယ်အဖြစ် ၅ ရက်တာ စေလွှတ်ခြင်း ခံရသည့်အပြင် ယခု ဒိုဟာဖိုရမ်ကိုလည်း နိုင်ငံတော်သမ္မတကိုယ်စား လာရောက်ခဲ့သူဖြစ်ပါတယ်။
သူရဦးရွှေမန်းဟာ မေ ၁၄ ရက်နှင့် မေ ၁၅ ရက် တို့တွင် ဒိုဟာဖိုရမ် သို့ တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al-Thani အပါအဝင် အစိုးရထိပ်တန်း ခေါင်းဆောင်များသာမက စီးပွားရေးလုပ်ငန်းရှင်များနဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုခရီးစဉ်အတွင် သူရဦးရွှေမန်းနှင့်အတူ မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ လေ့လာမှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မမမျိုး နှင့် မြန်မာနိုင်ငံကုန်သည်စက်မှုလက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့ လိုက်ပါလာကြောင်း သတင်းရရှိပါတယ်။
Ref: Mohamed al-Sadah
cd: ဗဟန်း မီဒီယာ
https://www.facebook.com/BahanMedia1988

The Noe News Journal
17.5.2017 (Wednesday)

No comments:

Powered by Blogger.