Header Ads

ဒုဋ္ဌ၀တီကိုလွန်၍ ရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံခြားရုပ်ရှင်ထိပြသရန် ရည်မှန်းထား

ရန်ကုန်၊ မေ၊ ၁၅ – ဒုဋ္ဌ၀တီကိုလွန်၍ဇတ်ကားက ရုံတင်မပြသရသေးပင်မဲ့လည်းလတ်တလောမှာ ပရိတ်သတ်စိတ်ဝင်စားမှုများနေပြီး နိုင်ငံခြားထိသွားရောက်ပြသသွားဖို့ရှိတယ်လို့ သိရပါတယ်။
“ မနှစ်က မေလကစရိုက်ဖြစ်တာပါ။ပထမဆုံးဇတ်ကားစရိုက်၂ခြင်းမှာ ရုပ်ရှင်ကားကြီးဖြစ်နေတော့ ဘာကစလုပ် ရမလည်းမသိတော့ တိုင်ပင်ဖြစ်တယ်၊၃လဆက်တိုက်ရိုက်တယ် အက်ဒစ်လုပ်တယ်၊ခုတော်တော်များ၂ပြီးနေပါ ပြီ ခုတစ်နှစ်ပြည့်သွားတော့ ဇတ်ကားဖိုင်လေးကိုစတင်ဖြစ်တာပါ။ အက်ဒစ်လုပ်ပြီးရင်တော့အားလုံးပြီးပါပြီ။ဇာတ် ကားရုံတင်ဖို့ရက်ကတော့ အတိအကျမသိသေးပါဘူး။သရုပ်ဆောင်ပိုင်းမှာဆိုရင် မင်းသား(၅)ယောက်၊ မင်းသ မီးက(၅)ယောက်ရွေးချယ်လိုက်တယ်၊ အဓိကတော့ အချိန်ပေးနိုင်တဲ့သူတွေနဲ့ ဈေးနှုန်းပေါ်မှာလည်းမူတည်ပြီး ရွေးချယ်ဖြစ်ပါတယ်။ ဇာတ်ကားက အင်္ဂလိပ်လိုပြောရတဲ့အခန်းတွေပါတော့ အင်္ဂလိပ်စကားပြော အနည်းငယ် တတ်ကျွမ်းတဲ့သူ အချက်အလက်တွေကြည့်ပြီးရွေးချယ်ခဲ့တာပါ။ ဒီဇာတ်ကားကို စရိုက်ကတည်းက နိုင်ငံခြားမှာ ပြဖို့စီစဉ်ထားတယ်၊ အားလုံးအဆင်ပြေခဲ့မယ်ဆိုရင်ချပြဖို့ စီစဉ်ထားတော့ မြန်မာနိုင်ငံကအဓိကလိုကေးရှင်းလှ တဲ့နေ၇ာလေးတွေရွေးချယ်ပြီးတော့ နိုင်ငံခြားကလူတွေကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာ အခုလိုနေရာလေးတွေ ရှိတယ်ဆိုတာတွဲဖက်မြင်စေချင်ပြီး နိုင်ငံခြားကိုကြော်ငြာတဲ့သဘောပါ ”လို့ ဒါရိုက်တာ အာကာကပြောပါတယ်။
မြန်မာနိုင်ငံအဓိကလှတဲ့နေရာတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ ဖားအံ၊ အင်းဝစတဲ့နေရာမှာရိုက်ကူးခဲ့ပြီး ဥရောပ ရိုက်ကူးမှုအနေနဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာသွားရောက်ရိုက်ကူးခဲ့တယ်လို့သိရတယ်။ ပြင်သစ်နိုင်ငံကို သွား ရောက်ရိုက်ကူးခြင်းဟာလည်း ဒီဇာတ်ကားရိုက်ကူးမှုကအောင်မြင်ခဲ့တယ်ဆိုရင် နောက်ထပ်ဇတ်ကားတွေကိုလဲ ဥရောပထိသွားရောက်ကူးဖို့ရည်ရွယ်တဲ့အတွက်ကြောင့် အစမ်းအနေနဲ့ပထဆုံး ရိုက်ကူးတာဖြစ်ပြီး အခုလက်ရှိ ဇာတ်ကားမှာနေတော့ အဆင်ပြေစွာရိုက်ကူးနိုင်ခဲ့တယ်လို့သိရပါတယ်။ အခက်အခဲအများကြီးတော့မရှိခဲ့ပဲ ပထ မဆုံးရိုက်တာဖြစ်တဲ့အတွက် ရိုက်ကူးတဲ့မှုပုံစံတွေက အရင်ပုံစံတွေနှင့်ကွဲပြားအောင်ရိုက်တာဖြစ်လို့ မင်းသားက လိုက်ညှိပြီး လုပ်ရတဲ့အခန်းတွေရှိခဲ့ပြီး သိပ်ခက်ခဲမှုမရှိခဲ့ဘူးလို့ပြောပါတယ်။
ရုပ်ရှင်ကားအစအဆုံးကို ရီဟာဆယ်ဖြစ်ရိုက်ကူးမှုတွင် မင်သားမင်းသမီးတွေနှင့်ဗွီလိန်အကုန်လုံးကို မရိုက်ခင် တစ်လကိုအောင်ဆန်းကွင်းက စတေတီယံတစ်ခုမှာငှားရမ်းပြီး ရိုက်ကူးမှုပြုလုပ်ခဲ့တဲ့အတွက် နောက်တစ်ခေါက် ရိုက်ကူးမှုမှာအခက်အခဲမရှိခဲ့ဘူးလို့သိရပါတယ်။ ဇတ်လမ်းကိုရေးသားသူက လက်ရှိဟစ်ဟော့ အဆိုတော် ရဲ နောင်က ရေးသားခဲ့ပြီး ၂၀၁၂ခုနှစ်က ဟောလိဝုဒ်ကရုပ်ရှင်ပရိုကျူဆာတစ်ယောက်ကို ကမ်းလှမ်းခဲ့ပေမယ့် သူတို့ပေးတဲ့ ဘက်ဂျက်ကနဲတာဖြစ်တာကြောင့် ရိုက်ကုးမှုကိုငြင်းပယ်ခဲ့ဖူးတယ်လို့ပြောပါတယ်။ လက်ရှိ မြန်မာ နိုင်ငံက ပ၇ိုကျူဆာကကမ်းလှမ်းချက်ကိုလက်ခံခဲ့တာကြောင့်အခုလို ရိုက်ကူးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“ ကုန်ကျစရိတ်ကတော့ အကုန်လုံးအဆုံးမသတ်ရသေးတာဖြစ်တဲ့ အတိအကျမပြောနိုင်သေးပါဘူး။ ပရိုကျူဆာ က ဂိုးဒမ်းအာဝါအင်တာတိန်းမန့်ကပါ ဒါရိုက်တာအနေနဲ့ကျွန်တော်ကိုတိုင်၇ိုက်ကူးထားတာပါ။ ဒီနှစ်ကုန်ပိုင်း ဒါ မှဟုတ်ရင်နောက်နှစ်အစပိုင်းလောက်မှာစတင်နိုင်ဖို့ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံကရုံတင်ရက်တွေကို ချိန်နေ ရတာကြောင့်အချိန် တချိန်ထဲမှာပြသခွင့်ရဖို့ကြိုးစားနေရတယ် ဒီမှာကအေ၇ုံ၊ဘီရုံရှိတယ် အေမှာတင်ရင်တစ်မျိုး ဘီမှာတင်ရင်တစ်မျိုးဆိုတော့ ပြဖို့ရက်ကတော့ကြိုးစားရဦးမှာပါ။ ဇာတ်ကားနာမည်လေးပေးဖြစ်ပုံက ဒုဌ၀တီကို လွန်ုပြီးသွားတဲ့အခါမှာ အဓိကဇတ်လမ်းရဲ့ မိန်းကစတင်တာဖြစ်လို့ နောက်ဆုံးအခန်းရောက်သွားပြီးတော့ ဒုဌ၀ တီကို ကျော်သွားပြီဆိုရင်နောက်ဆုံးလိုခြင်တဲ့နေရာကိုရောက်သွားတဲ့ သဘောမျိုးဖြစ်တာကြောင့် အဲနာမည်ကို ပေးဖြစ်တာပါ။ ဇတ်လမ်းရဲ့အစက နာမည်ကအင်္ဂလိပ်လို The Mystery Of Burma လို့ပေးထားမယ့် အင်္ဂလိပ် နာမည်နဲ့တင်လို့မရဘူးဆိုတော့ မြန်မာလိုပြန်ပြောင်းလိုက်၇တာပါ “ လို့ဒါ၇ိုက်တာ အာကာကပြောပါတယ်။
ရုပ်ရှင်မင်းသားအနေနဲ့ နိုင်းနိုင်း၊ ဆန်းထွဋ်၊ ဇော်ဇော်အောင်၊ အမွန်း၊ နော်အောင် (သြစတြေးလျားယားလူမျိုး)၊ မစ်စတ္တာဂျိုး (စင်ကာပူမင်းသား)တို့ပါဝင်ပြီး အခြားသရုပ်ဆောင်တွေနှင့်ရိုက်ကူးထားတယ်လို့ သိရပါတယ်။ အက်ရှင်ဇာတ်လမ်းအကြမ်း ပုံစံမျိုးဖြစ်တယ်လို့သိရပါတယ်။ ရုပ်ရှင်ဇတ်ကားရိုက်ကူးမှုအနေနဲ့ပထမဆုံးရိုက်ကူး တာဖြစ်ပြီး နောက်ထပ်ရုပ်ရှင်ဇတ်ကား(၈)ကားကိုလည်းရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။ နောက်ထပ် ၇ိုက်ကူးမှုအနေနဲ့ အက်ရှင်ကား၊သရဲကား၊ဒရမ်မာအက်ရှင်ကားမျိုးကိုပဲ ၇ိုက်ကူးသွားမယ်လို့သိရပါတယ်။ ဇာတ်ကားစတင်ရိုက်ကူးကတည်းက အကယ်ဒမီမှန်းတာမျိုးမရျိပေမယ့် အကောင်းဆုံးကြိုးစားထားတာဖြစ်တယ် လို့ပြောသွားပါတယ်။
Author မိပုံ့
Credit : ကုမုဒြာ
The Now News Journal
17.5.2017(Wednesday)

No comments:

Powered by Blogger.